NFTs or Non -Fungible Tokens တွေကို ရောင်းချတဲ့ ကမ္ဘာ့ အကြီးမားဆုံး ဈေးကွက် OpenSea ဟာ နာဇီ ထောက်ခံအားပေးတဲ့ အနုပညာ လက်ရာတွေကို ရောင်းချခွင့်ပေးနေပါတယ်။

An NFT image of Adolf Hitler offered for sale on OpenSea (Screenshot/OpenSea)

OpenSea ဟာ အမေရိကန် ကုမ္ပဏီ ဖြစ်ပြီး ဒေါ်လာ ၁.၅ ဘီလီယမ် တန်ကြေးရှိပါတယ်။ Bitcoin ၊ Ethereum တို့လို Cryptocrrency နဲ့ ဝယ်ယူနိုင်တဲ့ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို ရောင်းချတဲ့အကြီးမားဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။ တချို့ NFTs တွေကို ဒေါ်လာ သန်းနဲ့ချီပြီး ရောင်းချထားပြီးပါပြီ။ ဝယ်ယူလိုက်တဲ့ NFTs တွေကို Blockchain မှာ သိမ်းထားပြီး ဝယ်ယူထားသမျှ အရာတိုင်းကို မှတ်တမ်းတင်ထားတဲ့ ဒစ်ဂျစ်တယ် စာရင်းစာအုပ်လို့ ပြောနိုင်ပါတယ်။

OpenSea NFT Marketplace raises $ 100 million in new funding round - CoinCu News

OpenSea ရောင်းချမှုထဲမှာ ဟစ်တလာ Themed NFTs များစွာ ပါနေပါတယ်။ တချို့ အနုပညာလက်ရာတွေမှာ “ ဟစ်တလာမှာ အမှားမရှိဘူး။ “ ၊ “Heil Hitler” တို့လို နာဇီအားပေးတဲ့ ခေါင်းစဉ်တွေ တပ်ထားကြပါတယ်။

OpenSea က ဒီအကြောင်းကို ဘာမှ မပြောသေးပါဘူး။ Website ရဲ့ Terms of Service မှာ အများသဘောဆန္ဒနဲ့ ကွဲပြားနေတာတွေ အပါအဝင် Content မျိုးစုံကို ရောင်းချနိုင်တဲ့ ပလက်ဖောင်း အဖြစ် တည်ဆောက်မယ်လို့ ရေးသားထားပါတယ်။ ဒါပေမယ့် အမုန်းပွားများစေမယ့်၊ အကြမ်းဖက်မှု ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားမယ်လို့ ပြောထားပါတယ်။

Ref : timesofisrael