သတင်းပေါက်ကြားမှုတွေ အတော်များများဖြစ်ပြီးချိန်မှာတော့ OPPO ရဲ့ နောက်ဆုံးပေါ် Entry-level ထုတ်ကုန်ဖြစ်တဲ့ A12 ဟာ အင်ဒိုနီးရှားဈေးကွက်မှာ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ Waterdrop notch နဲ့ဖြစ်ပြီး ကျောဘက်ကင်မရာ ၂ လုံးတပ်ဆင်ပေးထားတာလည်း ဖြစ်ပါတယ်။

OPPO A12 ရဲ့ မျက်နှာပြင်ဟာ 6.22-inch LCD ဖြစ်ပြီး HD+ (720 x 1520 pixels) resolution နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်အမျိုးအစားကတော့ Gorilla Glass 3 ပါ။ 19:9 အချိုးဖြစ်တယ်လို့လည်း သိရပါတယ်။ Waterdrop notch ထဲက Selfie ကင်မရာကတော့ 5MP ပါ။ ကျောဘက်မှာ ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး 13MP အဓိက ကင်မရာနဲ့ 2MP depth sensor တို့ ဖြစ်ပါတယ်။

ကင်မရာနှစ်လုံးရဲ့ဘေးမှာတော့ LED ဖလက်ရှ် ပါဝင်သလို ကိုယ်ထည်ရဲ့ အလယ်မှာလည်း Fingerprint scanner တပ်ဆင်ပေးထားပါတယ်။ ဒီဇိုင်းပိုင်းကတော့ လူငယ်ကြိုက်ဖန်တီးထားတာကို မြင်တွေ့ရပေမယ့် Entry-level ဖြစ်တဲ့အတွက် ကိုယ်ထည်ကိုတော့ အများကြီးမျှော်လင့်လို့မရပါဘူး။ Polycarbonate ကိုပဲ သုံးထားပါတယ်။ အရောင်ကတော့ Blue နဲ့ Black နှစ်မျိုးပဲ တွေ့ရပါတယ်။

အဓိက အစိတ်အပိုင်းဖြစ်တဲ့ ScO ပိုင်းမှာတော့ Helio P35 ကို အသုံးပြုထားတာဖြစ်ပြီး 3/4GB of Ram နဲ့ 32/64GB storage တွေ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,230 mAh ပမာဏ တပ်ဆင်ထားတာဖြစ်ပြီး microUSB ကတစ်ဆင့်ပဲ အားသွင်းနိုင်မှာပါ။ OPPO A12 ရဲ့ တန်ဖိုးကတော့ 4/64GB မော်ဒယ်အတွက် $160 (၂ သိန်း ၃ သောင်းဝန်းကျင်) ဖြစ်ပြီး ကျန်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena