OPPO A15 ကို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အိန္ဒိယဈေးကွက်မှာ ကြေညာခဲ့ပါတယ်။ နိုဝင်ဘာလနှောင်းပိုင်းမှာတော့ OPPO A15s ကို မလေးရှား SIRIM ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားတာကို တွေ့မြင်လာရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ဒီဟန်းဆက်ရဲ့ အဓိကအချက်ကအလက်အချို့ ပေါက်ကြားထွက်ပေါ်လာတာကို တွေ့ရပါတယ်။

အခုတစ်ခါတော့ OPPO A15s ရဲ့ အရောင်အမျိုးအစား၊ မျက်နှာပြင်ပုံစံ၊ ကျောဘက်ဒီဇိုင်းတွေကို သိနိုင်မယ့် Render တွေ ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Render အရ OPPO A15s ဟာ Rainbow Silver, Dynamic Black နဲ့ White စတဲ့ အရောင်သုံးမျိုး ရရှိမှာဖြစ်ပါတယ်။ မျက်နှာပြင်မှာ Waterdrop နဲ့ပါ။

မျက်နှာပြင်အရွယ်အစားက 6.52-inch ဖြစ်ပြီး HD+ Display ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ SoC ကို မသိရသေးပေမယ့် 4GB of RAM နဲ့ 64GB Storage ကို ထောက်ပံ့ပေးထားကြောင်းကို ပြီးခဲ့တဲ့ ကြော်ငြာပိုစတာကတစ်ဆင့် သိရပါတယ်။ ကျောဘက်မျက်နှာပြင်မှာ Fingerprint တပ်ဆင်ထားပါတယ်။ OPPO A15s ရဲ့ ဒီဇိုင်းဟာ A15 ရဲ့ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။

အခုထိသိရသလောက် OPPO A15 နဲ့ A15s တို့ကြားခြားနားချက်ဟာ RAM/Storage ပိုင်းပါပဲ။ A15 ဟာ အမြင့်ဆုံးအဖြစ် 3GB/32GB အတွဲအဖက် ဖြစ်ပါတယ်။ A15s ရဲ့ ကျောဘက်ကင်မရာတပ်ဆင်မှုဟာ 13MP အဓိကကင်မရာ၊ 2MP macro နဲ့ 2MP depth sensor တို့ ဖြစ်တယ်လို့ ကောလာဟလထွက်ထားပါတယ်။ ကင်မရာအိမ်တည်ဆောက်ထားပုံကတော့ Render တွေမှာ မြင်ရတဲ့အတိုင်း လေးထောင့်ပုံ ကင်မရာအိမ်အစုအဖွဲ့နဲ့ ဖြစ်ပါတယ်။

Ref: GSM Arena