OPPO က အိန္ဒိယမှာ အောက်တိုဘာလက A15 ကို ကြေညာခဲ့ပြီး A15s ကို အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပါပြီ။ အခုတော့ အဲဒီဖုန်းကို မလေးရှားက SIRIM Website မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာဖို့ နီးစပ်နေပါပြီ။

SIRIM ရဲ့ ဒေတာ ဘေ့စ်မှာ အဲဒီဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ CPH2179 ဖြစ်ပြီး ပြီးခဲ့တဲ့ ၁ လလောက်ကလည်း အဲဒီ မော်ဒယ်နံပါတ်ကို စင်ကာပူရဲ့ IMDA နဲ့ ဥရောပက EEC တို့မှာ တွေ့ခဲ့ရပါတယ်။ IMDA Website မှာ အဲဒီဖုန်းကို OPPO A15s လို့ နာမည်တပ်ထားပါတယ်။ A15 လိုပဲ A15s မှာ 4G ပါလာမှာ ဖြစ်ပြီး အိန္ဒိယရဲ့ BIS မှာလည်း မကြာခင်က မှတ်ပုံတင်ထားတဲ့အတွက် ကြေညာဖို့ တော်တော်နီးစပ်နေပါပြီ။

oppo a15: Oppo A15 with 6.52-inch screen and triple rear camera launched at Rs 10,990 - Mobiles News | Gadgets Now

အဲဒီဖုန်းရဲ့ Specs တွေဟာ A15 နဲ့ တော်တော်တူညီနိုင်ပါတယ်။ OPPO A15 ရဲ့ Specs တွေကို ပြန်လေ့လာကြည့်ရအောင်။ အဲဒီဖုန်းကို ၁၄၈ ဒေါ်လာနဲ့ ရောင်းပေးထားပြီး ၁ သိန်း ၉ သောင်း‌လောက်ကျသင့်မှာပါ။ ၆.၅၂ လက်မ IPS LCD မျက်နှာပြင် ထည့်သွင်းထားပြီး HD+ Resolution ထောက်ပံ့ထားပါတယ်။

MediaTek Helio P35 Chipset မောင်းနှင်ထားပြီး 3GB RAM , 32GB Storage ပါလာတဲ့အပြင် microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ပိုသိမ်းနိုင်ပါတယ်။ အနောက်ဘက်မှာ 13MP ပင်မ ကင်မရာ ၁ လုံးနဲ့ 2MP ၂ လုံး ထည့်ထားပြီး ဆဲလ်ဖီး ကင်မရာကတော့ 5MP ဖြစ်ပါတယ်။ ဘက်ထရီက 4,230mAh ဖြစ်ပြီး 10W Charging ထောက်ပံ့ထားပါတယ်။ Android 10 အခြေပြု ColorOS 7.2 မောင်းနှင်ထားပါတယ်။

Ref : gizmochina