[Zawgyi]

လြန္ခဲ့တဲ့ရက္သတၱပတ္အတြင္းမွာ Oppo A1K စမတ္ဖုန္းရဲ႕ Spec ေတြ ေပါက္ၾကားခဲ့ၿပီးေနာက္ ယခုအခါ အဆုိပါဖုန္းဟာ ထိုင္းႏုိင္ငံရဲ႕ NBTC ေထာက္ခံခ်က္ကို ရရွိခဲ့တာေၾကာင့္ မၾကာခင္ေစ်းကြက္ထဲ ေရာက္လာမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ အင္ဒို၊ မေလးနဲ႔ ဥေရာပတုိ႔မွာလည္း အဖြဲ႕အစည္းေတြရဲ႕ အသိအမွတ္ျပဳခ်က္ကို ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ထြက္ရွိရက္က ေတာ္ေတာ္နီးေနၿပီလို႔ ဆုိရမွာပါ။

Oppo ကေတာ့ A1K နဲ႔ပတ္သက္ၿပီး ဘာမွမေျပာေသးေပမယ့္ ထြက္ရွိခဲ့တဲ့ သတင္းေတြေၾကာင့္ ဒီဖုန္းသစ္မွာ Helio P22 ခ်စ္ပ္ဆက္ကို 2GB RAM မန္မုိရီနဲ႔ တြဲဖက္လာမယ္ဆုိတာ သိရပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္က Notch တစ္ခုပါတဲ့ 6” လက္မအရြယ္မ်က္ႏွာျပင္ျဖစ္ၿပီး ColorOS 6 ကို အသုံးျပဳလာမွာပါ။

A1K မွာ 32GB Storage ပမာဏပါဝင္မွာျဖစ္ၿပီး ေရွ႕ဘက္က Notch နဲ႔ ေနာက္ဘက္တုိ႔မွာ Single Camera တစ္လုံးစီ ပါဝင္လာမယ္လို႔ သူ႕ရဲ႕ဒီဇုိင္းေတြအရ ယူဆရပါတယ္။ အနည္းဆုံး အေရာင္ႏွစ္မ်ဳိးနဲ႔ ထြက္ရွိလာမွာျဖစ္ကာ အနီနဲ႔ အနက္ေရာင္တုိ႔ ျဖစ္မွာပါ။ Oppo A1K မွာ 4,000 mAh ဘကၳရီႀကီး ပါဝင္လာမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္ေတာ့ ထြက္ရွိရက္နဲ႔ ေစ်းႏႈန္း စတဲ့အခ်က္အလက္ေတြကို မသိရေသးဘဲ Oppo ရဲ႕ ေနာက္လာမယ့္ ထုတ္ကုန္သစ္မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

[Unicode]

လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ Oppo A1K စမတ်ဖုန်းရဲ့ Spec တွေ ပေါက်ကြားခဲ့ပြီးနောက် ယခုအခါ အဆိုပါဖုန်းဟာ ထိုင်းနိုင်ငံရဲ့ NBTC ထောက်ခံချက်ကို ရရှိခဲ့တာကြောင့် မကြာခင်ဈေးကွက်ထဲ ရောက်လာမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အင်ဒို၊ မလေးနဲ့ ဥရောပတို့မှာလည်း အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုချက်ကို ရရှိခဲ့ပြီဖြစ်တာကြောင့် ထွက်ရှိရက်က တော်တော်နီးနေပြီလို့ ဆိုရမှာပါ။

Oppo ကတော့ A1K နဲ့ပတ်သက်ပြီး ဘာမှမပြောသေးပေမယ့် ထွက်ရှိခဲ့တဲ့ သတင်းတွေကြောင့် ဒီဖုန်းသစ်မှာ Helio P22 ချစ်ပ်ဆက်ကို 2GB RAM မန်မိုရီနဲ့ တွဲဖက်လာမယ်ဆိုတာ သိရပါတယ်။ ရှေ့ဘက်မျက်နှာပြင်က Notch တစ်ခုပါတဲ့ 6” လက်မအရွယ်မျက်နှာပြင်ဖြစ်ပြီး ColorOS 6 ကို အသုံးပြုလာမှာပါ။

A1K မှာ 32GB Storage ပမာဏပါဝင်မှာဖြစ်ပြီး ရှေ့ဘက်က Notch နဲ့ နောက်ဘက်တို့မှာ Single Camera တစ်လုံးစီ ပါဝင်လာမယ်လို့ သူ့ရဲ့ဒီဇိုင်းတွေအရ ယူဆရပါတယ်။ အနည်းဆုံး အရောင်နှစ်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ကာ အနီနဲ့ အနက်ရောင်တို့ ဖြစ်မှာပါ။ Oppo A1K မှာ 4,000 mAh ဘက္ထရီကြီး ပါဝင်လာမှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ ထွက်ရှိရက်နဲ့ ဈေးနှုန်း စတဲ့အချက်အလက်တွေကို မသိရသေးဘဲ Oppo ရဲ့ နောက်လာမယ့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena