OPPO ကနေ တရုတ်နိုင်ငံအတွင်းမှာ နောက်ထပ် စျေးနှုန်းသက်သာတဲ့စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါစမတ်ဖုန်းကို OPPO A2x လို့ နာမည်ပေးထားပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅၀ ဝန်းကျင်ဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

OPPO A2x ဖုန်းဟာ Performance ပိုင်းမှာ MediaTek ရဲ့ Dimensity 6020 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် RAM 6GB သို့မဟုတ် 8GB ပါဝင်မှာဖြစ်ပြီး RAM ပေါ်မှုတည်ပြီး Storage ပိုင်းကိုလည်း 128GB သို့မဟုတ် 256GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Storage ကို ထပ်မံတိုးချဲ့ဖို့အတွက်လည်း microSD Card Slot ကနေ ထပ်မံတိုးချဲ့နိုင်မှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ ယခင် OPPO A Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ 6.56″ HD+ Display ကိုပဲ အသုံးပြုထားပြီး 90Hz Refresh Rate နဲ့ 720nits Brightness တွေကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။

Camera ပိုင်းမှာ 13MP Single Back Camera ကိုပဲ ထည့်သွင်းပေးထားပြီး Selfie Camera အတွက်လည်း 5MP Sensor ကိုပဲ ထည့်ပေးထားပါတယ်။ တခြားအပိုင်းတွေအနေနဲ့ 5000mAh Battery ၊ 3.5mm Audio Jack ၊ IP54 Dust & Water Resistant Rating နဲ့ Side Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။

OPPO A2x ဖုန်းဟာ Android 13 OS ကို အခြေခံထားတဲ့ ColorOS 13.1 ကို အသုံးပြုထားမှာဖြစ်ပြီး Black ၊ Yellow နဲ့ Purple ဆိုပြီး အရောင် (၃) ရောင် ရွေးချယ်နိုင်မှာပါ။ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁,၀၉၉ ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး ဒေါ်လာ ၁၅၀ ဝန်းကျင် သို့မဟုတ် မြန်မာငွေ ၅ သိန်းဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena