[Zawgyi]




Ref : gizmochina

[Unicode]

Snapdragon 665 နဲ့ Quad Cameras တှပေါတဲ့ OPPO A5 2020 ကို ကွညော

OPPO က ပါကစ္စတန်မှာ တိတ်တဆိတ် ကြေညာလိုက်တာ A9 2020 ၁ လုံးထဲ မဟုတ်ပါဘူး။ OPPO A5 2020 လည်း ပါလာပါတယ်။ အဲဒီ ဖုန်း ၂ လုံးစလုံးဟာ ဒီဇိုင်းနဲ့ Key Specs တချို့ တူညီကြပါတယ်။ OPPO A5 2020 မှာ A9 2020 မှာလို ၆.၅ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 1600x720p Resolution Waterdrop Sunlight Screen ပါလာပြီး Screen-to-body Ratio က ၈၉ ရာခိုင်နှုန်းပါ။ အနောက်ဘက် ဒီဇိုင်းနဲ့ ကင်မရာတွေကလည်း တူညီကြပါတယ်။ ဒါပေမယ့် Mirror Black နဲ့ Dazzling White အရောင်တွေက ကွဲပြားပါတယ်။

A5 2020 မှာ Snapdragon 665 Processor မောင်းနှင်ထားပါတယ်။ 3/64GB နဲ့ 4/128GB Model တွေ ရွေးချယ်နိုင်ပါတယ်။ Triple Card Tray ပါတဲ့ အတွက် microSD Card စိုက်နိုင်ပါတယ်။ ကွာခြားတာ ၁ ခုက ပင်မကင်မရာ ဖြစ်ပြီး A5 2020 မှာ 12MP နဲ့ A9 2020 မှာ 48MP Camera ထည့်ထားပါတယ်။ တခြား ကင်မရာ ၂ လုံး ဖြစ်တဲ့ 8MP Ultrawide နဲ့ 2MP Sensors တွေက တူကြပါတယ်။ Ultra Night Mode 2.0 နဲ့ Electronic Image Stabilization တွေ ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး A9 2020 မှာတော့ 16MP ထည့်ထားတာပါ။

A5 2020 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ 5,000mAh Battery ပါပြီး Reverse Charging ထောက်ပံ့ပါတယ်။ microUSB Port သာ ပါပါတယ်။ Android 9 Pie အခြေပြု Color OS 6.0.1 မောင်းနှင်ထားပြီး Face Unlock , Game Boost 2.0 , Riding Mode နဲ့ HyperBoost လုပ်ဆောင်ချက်တွေ ပါပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina