Oppo ကတော့ Midrange ထုတ်ကုန်သစ် A52 ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းကို တရုတ်ပြည်တွင်းမှာ Quad-camera, Snapdragon 665 ချစ်ပ်ဆက်နဲ့ အကြမ်းစား 5,000 mAh ဘက္ထရီကြီးတို့ဖြင့် မိတ်ဆက်ခဲ့တာပါ။

သူ့ရဲ့ရှေ့ဘက်မှာတော့ 6.5” LCD Display ပါဝင်ပြီး Punch-hole ထဲမှာ 8MP ဆဲလ်ဖီကင်မရာတစ်လုံးတည်း ပါဝင်ပါတယ်။ Aspect Ratio က အနည်းငယ်ရှည်သွယ်တဲ့ 20:9 အချိုးဖြစ်ပြီး ခုနောက်ပိုင်း Trend တစ်ခုဖြစ်တဲ့ Fingerprint Scanner ကို ဘေးဘက်မှာ ထည့်သွင်းလာပါတယ်။

နောက်ဘက်မှာတော့ “L” ပုံသဏ္ဍာန် ကင်မရာလေးလုံးတပ်ဆင်ထားပြီး 12MP အဓိကကင်မရာကို 8MP Ultra-wide နဲ့ 2MP Sensor နှစ်လုံးတို့ဖြင့် ဝန်းရံထားတယ်။ အတွင်းမှာ Snapdragon 665 ချစ်ပ်ဆက်ရှိပြီး 8/128GB မန်မိုရီနဲ့ တွဲဖက်ထားတယ်။ 5,000 mAh ဘက္ထရီကြီးကို ထောက်ပံ့ဖို့က 18W အားသွင်းစနစ်ပါဝင်ပါတယ်။

Software ကတော့ Android 10 အခြေခံ ColorOS 7.1 အသစ်စက်စက်နဲ့ သုံးရမှာပါ။ Oppo A52 ဟာ Black, Blue အရောင်နှစ်မျိုးနဲ့ထွက်လာပြီး တရုတ်ယွမ် ၁၅၉၉ (မြန်မာငွေ သုံးသိန်းနှစ်သောင်း) ကျသင့်ပါတယ်။ နိုင်ငံတကာဈေးကွက်ကို ရောင်းချမယ့် အစီအစဉ်ကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena