ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းမှာ OPPO ကနေ Dimensity 700 Chipset အသုံးပြုထားတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ OPPO A56 5G ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း OPPO ကနေ အဆိုပါဖုန်းထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ OPPO A56s 5G ဖုန်းကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

OPPO A56s 5G ဖုန်းဟာ 6.56″ LCD Display ကို အသုံးပြုထားပြီး HD+ Resolution ပဲ ရှိမှာဖြစ်ပါတယ်။​ ဒါပေမယ့် Display Refresh Rate ကို 90Hz အထိ ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။

Performance အနေနဲ့ MediaTek ရဲ့ Dimensity 810 Chipset ကို အသုံးပြုထားတာကြောင့် ယခင် OPPO A56 5G ဖုန်းထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ 8GB LPDDR4x RAM ကို အသုံးပြုထားတဲ့အပြင် 128GB သို့မဟုတ် 256GB ဆိုပြီး Storage ၂ မျိုးကို ရွေးချယ်နိုင်မှာပါ။ Storage ထပ်မံတိုးချဲ့လိုတဲ့သူတွေအတွက်လည်း MicroSD Card Slot ကိုထည့်သွင်းပေးထားပါတယ်။

Camera ပိုင်းမှာ 8MP Primary Camera နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera အတွက် Waterdrop Notch Design ပြုလုပ်ထားတဲ့ 8MP Sensor ပါဝင်မှာဖြစ်ပါတယ်။

Software ပိုင်းမှာ Android 12 OS ကို အခြေခံထားတဲ့ ColorOS UI ကို အသုံးပြုထားပြီး Side-mount Fingerprint Sensor ကိုလည်း ထည့်သွင်းပေးထားပါတယ်။ စျေးနှုန်းအနေနဲ့ Storage 128GB Model ကို တရုတ်ယွမ်ငွေ ၁,၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) နဲ့ 256GB Model ကို ၁,၂၉၉ ယွမ် (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်)​ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China