OPPO က ထိုင်းမှာ A57 ကို ကြေညာလိုက်ပြီး တရုတ်မှာ ပြီးခဲ့တဲ့ လက မိတ်ဆက်ခဲ့တဲ့ OPPO A57 5G နဲ့ မတူပါဘူး။ ထိုင်းက မော်ဒယ်ဟာ 4G LTE ဖုန်း ဖြစ်ပါတယ်။ OPPO A57 မှာ ၆.၅၆ လက်မ Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Face Unlock ပါပါတယ်။

Oppo A57 4G Phone With Helio G35, Dual Cameras Announced

MediaTek Helio G35 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage ထည့်ထားပါတယ်။ Android 12 အခြေပြု ColorOS 12.1 မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

Oppo Logo Wallpapers - Top Free Oppo Logo Backgrounds - WallpaperAccess

33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Depth နဲ့ LED Flash ၁ လုံး ပူးတွဲ တပ်ဆင်ထားပါတယ်။ 4G VoLTE, WiFi , Bluetooth 5.0 , GPS, USB-C Port နဲ့ နားကြပ်ပေါက်တွေ ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 163.74 x 75.03 x 7.99mm ဖြစ်ပြီး အလေးချိန်က ၁၈၇ ဂရမ် ဖြစ်ပါတယ်။

OPPO A57 ကို ထိုင်းမှာ ဘတ် ၅,၄၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းဝန်းကျင်ကျသင့်မှာပါ။ Glowing Green နဲ့ Glowing Black ၂ ရောင်ထုတ်လုပ်ထားပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina