OPPO ကနေ Mid Range A Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ OPPO A58 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ OPPO A58 ဖုန်းဟာ Performance ပိုင်းမှာ MediaTek ရဲ့ Dimensity 700 Chipset ကို အသုံးပြုထားပြီး RAM 6GB/128GB ၊​ RAM 8GB/128GB နဲ့ RAM 8GB/256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Display ပိုင်းမှာ 6.56″ HD+ 90Hz LCD Display ကို အသုံးပြုထားပြီး Display အပေါ်ဘက်မှာ 8MP Selfie Camera ကို Notch အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ OPPO A58 ဖုန်းဟာ အထူအနေနဲ့ 7.99mm ရှိပြီး 188g ပဲ အလေးချိန်ရှိတာကြောင့် ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်းရှိမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 50MP Main Camera နဲ့ 2MP Depth Camera တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပါတယ်။ Battery ပိုင်းမှာတော့ 33W Fast Charging ကိုထောက်ပံ့ပေးထားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။​

OPPO A58 ဖုန်းဟာ Software ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Side-mounted Fingerprint Sensor ၊​ 5G Support ၊​ 3.5mm Headphone Jack ၊​ IP54 Dust & Water Resistant ၊​​ DIRAC Audio ကို ထောက်ပံ့ပေးထားတဲ့ Dual Speaker Setup တွေပါဝင်မှာပါ။

OPPO A58 ဖုန်းကို Black ၊​ Purple နဲ့ Blue ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ 1,699 Yuan (ဒေါ်လာ ၂၃၄ ဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။​

Ref – GSM Arena