OPPO က အိန္ဒိယမှာ A59 ကိုကြေညာလိုက်ပြီး MediaTek Dimensity 6020 Chipset မောင်းနှင်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 4GB RAM + 128GB Storage မော်ဒယ်ကို ရူပီး ၁၄,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၆၁၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ OPPO ရဲ့ အွန်လိုင်း စတိုး၊ Flipkart နဲ့ Amazon တို့ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Oppo A59 launches with Dimensity 6020 SoC - GSMArena.com news

OPPO A59 မှာ 6.56” 720x1612p LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါပါတယ်။ 90Hz Refresh Rate နဲ့ 720 Nits Peak Brightness ထောက်ပံ့ထားပြီး microSD Card စိုက်နိုင်ပါတယ်။ Dual-SIM ဖုန်း ဖြစ်ပြီး အနောက်ဘက်မှာ 13MP နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Oppo A59 launches in India with Dimensity 6020 SoC

ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်၊ စတီရီယို စပီကာနဲ့ 33W SuperVOOC Fast Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး IP54 ရေစိုခံစံနှုန်း ပါလာပါတယ်။

Oppo A59 launches in India with Dimensity 6020 SoC

OPPO က ၂၀၁၆ ခုနှစ်မှာ A59 စမတ်ဖုန်းကို ရောင်းချခဲ့ပြီး အခုကတော့ ဒုတိယမြောက် A59 စမတ်ဖုန်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

Ref : gsmarena