[Zawgyi]

OPPO ဟာ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ OPPO A9 ကို တ႐ုတ္ႏိုင္ငံမွာ တရားဝင္မိတ္ဆက္သြားတာပါ။ OPPO A9 ဟာ 6.53” IPS LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ 19.5:9 Aspect ratio ရွိတဲ့ Waterdrop Notch Display အမ်ိဴးအစားျဖစ္ၿပီး Pixel density က 395ppi (pixel per inch) ရွိပါတယ္။

Processor အပိုင္းအတြက္ MediaTek Helio P70 (12nm) SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 16MP Main Camera ကို 2MP Depth Sensor နဲ႔ တြဲဖက္တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာရွိတဲ့ Waterdrop Notch ထဲမွာေတာ့ 16MP Selfie Camera ကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။

လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားၿပီး Face Unlock ကို Selfie Camera ကေန တစ္ဆင့္ အသုံးျပဳႏိုင္မွာပါ။ 4020mAh ဘက္ထရီကို MicroUSB 2.0 ကေန တစ္ဆင့္ အားသြင္းႏိုင္ေပမယ့္ အျမန္အားသြင္းစနစ္ေတာ့ ပါဝင္လာျခင္း မရွိပါဘူး။ Operating System အပိုင္းအတြက္ Android 9.0 (Pie) ကို ထည့္သြင္းေမာင္းႏွင္ထားၿပီး ColorOS 6 နဲ႔အတူ ျပန္လည္ဆန္းသစ္ထားပါတယ္။

OPPO A9 စမတ္ဖုန္းကို အေရာင္ေတြအေနနဲ႔ Mica Green, Ice Jade White, Fluorite Purple ဆိုၿပီး အေရာင္ ၃မ်ိဴး ထုတ္လုပ္ထားပါတယ္။ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၁၇၉၉ ယြမ္ ( ျမန္မာေငြ ၄သိန္း ဝန္းက်င္) က်သင့္ၿပီး ဧၿပီလ ၃၀ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref : GsmArena

[Unicode]

Helio P70, 4020mAh ဘက်ထရီတွေနဲ့အတူ ပွဲထွက်လာခဲ့တဲ့ OPPO A9

OPPO ဟာ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ OPPO A9 ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားတာပါ။ OPPO A9 ဟာ 6.53” IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ 19.5:9 Aspect ratio ရှိတဲ့ Waterdrop Notch Display အမျိူးအစားဖြစ်ပြီး Pixel density က 395ppi (pixel per inch) ရှိပါတယ်။

Processor အပိုင်းအတွက် MediaTek Helio P70 (12nm) SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 16MP Main Camera ကို 2MP Depth Sensor နဲ့ တွဲဖက်တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာရှိတဲ့ Waterdrop Notch ထဲမှာတော့ 16MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပြီး Face Unlock ကို Selfie Camera ကနေ တစ်ဆင့် အသုံးပြုနိုင်မှာပါ။ 4020mAh ဘက်ထရီကို MicroUSB 2.0 ကနေ တစ်ဆင့် အားသွင်းနိုင်ပေမယ့် အမြန်အားသွင်းစနစ်တော့ ပါဝင်လာခြင်း မရှိပါဘူး။ Operating System အပိုင်းအတွက် Android 9.0 (Pie) ကို ထည့်သွင်းမောင်းနှင်ထားပြီး ColorOS 6 နဲ့အတူ ပြန်လည်ဆန်းသစ်ထားပါတယ်။

OPPO A9 စမတ်ဖုန်းကို အရောင်တွေအနေနဲ့ Mica Green, Ice Jade White, Fluorite Purple ဆိုပြီး အရောင် ၃မျိူး ထုတ်လုပ်ထားပါတယ်။ စျေးနှုန်းကတော့ တရုတ်ငွေ ၁၇၉၉ ယွမ် ( မြန်မာငွေ ၄သိန်း ဝန်းကျင်) ကျသင့်ပြီး ဧပြီလ ၃၀ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : GsmArena