OPPO ရဲ့ 5G စမတ်ဖုန်းအသစ်ဖြစ်တဲ့ A97 5G ကို China Telecom website မှာ စာရင်းသွင်းထားတာ မကြာသေးခင်ကပဲ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ကနဦးသတင်းထွက်ပေါ်မှုတွေမှာ A97 5G ရဲ့ ဒီဇိုင်းနဲ့ အဓိက Specs တွေကိုပဲ တွေ့မြင်သိရှိခဲ့ကြရတာပါ။

အခုတော့ ပေါက်ကြားသတင်းတွေကို ယူဆောင်လာရာမှာ နာမည်ကြီးဖြစ်တဲ့ Evan Blass က Device ရဲ့ အသေးစိတ်ရုပ်ပုံတွေကို ဖော်ပြလာပြီး Blass ရဲ့ ရုပ်ပုံတွေအရ ကနဦးပေါက်ကြားခဲ့တဲ့ အပြာရောင်အပြင် OPPO A97 5G ရဲ့ အနက်ရောင်နဲ့ ပန်းရောင် အမျိုးအစားတွေကိုလည်း တွေ့မြင်လာကြရပါတယ်။

ရုပ်ပုံသစ်တွေအရ Device ရဲ့ ညာဘက်ခြမ်းမှာ Power button အပြင် Fingerprint scanner ကို တပ်ဆင်ထားတာလည်း တွေ့မြင်ရပါတယ်။ ဒါ့အပြင် အောက်ခြေမှာ Headphone jack နဲ့ ဘေးမှာ USB-C port, Speaker စတာတွေကို ရှင်းလင်းပြတ်သားစွာတွေ့မြင်ရပြီ ဖြစ်ပါတယ်။

OPPO A97 5G ဟာ 6.56-inch LCD မျက်နှာပြင်မှာ Notch နဲ့အတူ 8MP Selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာ နဲ့အတူ 2MP secondary module ကို တွဲဖက်ပေးထားပါတယ်။ 5,000mAh ပမာဏ ဘက်ထရီကိုထောက်ပံ့ပေးထားပြီး အားသွင်းမြန်နှုန်းကိုတော့ မသိရသေးပါဘူး။ တန်ဖိုးက တရုတ်ယွမ်ငွေ 2,299 ($350) က စတင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena