OPPO ကနေ မကြာခင်မှာ Model Number CPH2529 အမည်ရှိ Mid Range ဖုန်းအသစ်တစ်လုံးကို စျေးကွက်အတွင်းမှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အဆိုပါ OPPO ဖုန်းအသစ်ဟာ A98 5G အနေနဲ့ မိတ်ဆက်လာနိုင်တယ်လို့ သိရပြီး လက်ရှိအချိန်မှာ တရုတ်နိုင်ငံ CQC ၊ အင်ဒိုနီးရှားနိုင်ငံ TKDN နဲ့ ထိုင်းနိုင်ငံတို့ရဲ့ NBTC Certification တွေကို ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ OPPO A98 5G ဖုန်းဟာ HTML5 Test နဲ့ Geekbench လိုမျိုး Benchmarking Website တွေမှာပါ သတင်းပေါက်ကြားထားတဲ့အတွက် မကြာခင်မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း Appuals သတင်းဌာနကနေ OPPO A98 5G ဖုန်းရဲ့ Render ဓါတ်ပုံတွေအပြင် အသေးစိတ် Specification အချို့ကို ထုတ်ပြန်ခဲ့ပါတယ်။

OPPO A98 5G ဖုန်းဟာ 6.7″ Full HD+ LTPS LCD Display ကို အသုံးပြုထားမှာဖြစ်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Aspect Ratio အနေနဲ့ 20:9 ရှိမယ့်အပြင် အကြမ်းခံမှုပိုင်းအတွက် Panda Glass Protection ကို ထည့်သွင်းပေးထားပါတယ်။

Performance ပိုင်းမှာ Qualcomm Snapdragon 695 Chipset ကို RAM 8GB LPDDR4x နဲ့ 256GB Storage တွေထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Battery အနေနဲ့ 5000mAh ပါဝင်မှာဖြစ်ပြီး 67W Fast Charging ဖြင့် ပြန်လည်အားသွင်းနိုင်မှာပါ။

Camera ပိုင်းမှာ 64MP Primary + 2MP Depth + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပြီး Selfie Camera အနေနဲ့ 32MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ ColorOS 13 ကို အသုံးပြုထားပြီး Side-mounted Fingerprint လည်းပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China