[Zawgyi]

Oppo A9x ဟာ Mid-range စမတ္ဖုန္း အမ်ိဴးအစားျဖစ္ၿပီး ၿပီးခဲ့တဲ့ ေမလတုန္းက တ႐ုတ္ျပည္မွာ မိတ္ဆက္ထားတာ ျဖစ္ပါတယ္။ Oppo A9x ကို စတင္မိတ္ဆက္တဲ့ အခ်ိန္တုန္းက RAM 6GB / Storage 128GB ေမာ္ဒယ္ တစ္မ်ိဴးတည္းသာ ေ႐ြးခ်ယ္ခြင့္ရွိခဲ့တာပါ။ ဒါေပမယ့္ ဒီေန႔ၾကားသိခဲ့ရတဲ့ သတင္းအရဆိုရင္ေတာ့ RAM 8GB ေမာ္ဒယ္ကို ထပ္မံ မိတ္ဆက္ဦးမယ့္ အေနအထား ရွိပါတယ္။

RAM 8GB ကို Storage 128GB နဲ႔ တြဲဖက္ထားတဲ့ Oppo A9x စမတ္ဖုန္းဟာ TENAA ကေန တဆင့္ ထြက္ေပၚလာပါတယ္။ တျခားေသာ Specifications ေတြကေတာ့ RAM 6GB ပါဝင္တဲ့ Oppo A9x နဲ႔ အတူတူပဲလို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ Oppo ဟာ A9x RAM 8GB Edition စမတ္ဖုန္းကို သိပ္မၾကာခင္မွာ ပြဲထုတ္ေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Oppo A9x Specifications
Display အပိုင္းအတြက္ Full HD+ Resolution ရွိတဲ့ 6.53” IPS LCD Waterdrop Notch Display ကို အသုံးျပဳထားပါတယ္။ Processor အပိုင္းအတြက္ Helio P70 SoC (12nm) ကို အသုံးျပဳထားၿပီး Android 9 Pie OS ကို Color OS 6.0 နဲ႔ ျပန္လည္ဆန္းသစ္ထားပါတယ္။ ေနာက္ေက်ာဘက္မွာ 48MP Main Camera ကို 5MP Depth Sensor နဲ႔ တြဲဖက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာရွိတဲ့ Waterdrop Notch ထဲမွာေတာ့ 16MP Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားပါတယ္။

 

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4020mAh ထည့္သြင္းေပးထားၿပီး microUSB ကေန တဆင့္ 20W (VOOC 3.0) အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကိုေတာ့ ေနာက္ေက်ာဘက္မွာပဲ တပ္ဆင္ထားပါတယ္။ Oppo A9x ကို Meteorite Black နဲ႔ Ice Jade White ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ RAM 8GB ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းကို အတိအက် မသိရေသးေပမယ့္ RAM 6GB ေမာ္ဒယ္ကိုေတာ့ တ႐ုတ္ေငြ ၁,၉၉၉ ယြမ္ ( ျမန္မာေငြ ၄၃၅,၀၀၀ က်ပ္ ဝန္းက်င္ ) နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Battery 4020mAh နဲ့ RAM 8GB ပါတဲ့ Oppo A9x ကို မကြာခင် မြင်တွေ့ရဖွယ်ရှိ

Oppo A9x ဟာ Mid-range စမတ်ဖုန်း အမျိူးအစားဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းက တရုတ်ပြည်မှာ မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ Oppo A9x ကို စတင်မိတ်ဆက်တဲ့ အချိန်တုန်းက RAM 6GB / Storage 128GB မော်ဒယ် တစ်မျိူးတည်းသာ ရွေးချယ်ခွင့်ရှိခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ကြားသိခဲ့ရတဲ့ သတင်းအရဆိုရင်တော့ RAM 8GB မော်ဒယ်ကို ထပ်မံ မိတ်ဆက်ဦးမယ့် အနေအထား ရှိပါတယ်။

RAM 8GB ကို Storage 128GB နဲ့ တွဲဖက်ထားတဲ့ Oppo A9x စမတ်ဖုန်းဟာ TENAA ကနေ တဆင့် ထွက်ပေါ်လာပါတယ်။ တခြားသော Specifications တွေကတော့ RAM 6GB ပါဝင်တဲ့ Oppo A9x နဲ့ အတူတူပဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် Oppo ဟာ A9x RAM 8GB Edition စမတ်ဖုန်းကို သိပ်မကြာခင်မှာ ပွဲထုတ်တော့မယ်လို့ မျှော်လင့်ရပါတယ်။

Oppo A9x Specifications
Display အပိုင်းအတွက် Full HD+ Resolution ရှိတဲ့ 6.53” IPS LCD Waterdrop Notch Display ကို အသုံးပြုထားပါတယ်။ Processor အပိုင်းအတွက် Helio P70 SoC (12nm) ကို အသုံးပြုထားပြီး Android 9 Pie OS ကို Color OS 6.0 နဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။ နောက်ကျောဘက်မှာ 48MP Main Camera ကို 5MP Depth Sensor နဲ့ တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာရှိတဲ့ Waterdrop Notch ထဲမှာတော့ 16MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 4020mAh ထည့်သွင်းပေးထားပြီး microUSB ကနေ တဆင့် 20W (VOOC 3.0) အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကိုတော့ နောက်ကျောဘက်မှာပဲ တပ်ဆင်ထားပါတယ်။ Oppo A9x ကို Meteorite Black နဲ့ Ice Jade White ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ RAM 8GB မော်ဒယ်ရဲ့ စျေးနှုန်းကို အတိအကျ မသိရသေးပေမယ့် RAM 6GB မော်ဒယ်ကိုတော့ တရုတ်ငွေ ၁,၉၉၉ ယွမ် ( မြန်မာငွေ ၄၃၅,၀၀၀ ကျပ် ဝန်းကျင် ) နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Ref : Gizmochina