Zawgyi

ေမလ ၁၇ ရက္ေန႔မွာ Oppo ဟာ ၿပီးခဲ့တဲ့လက မိတ္ဆက္ခဲ့တဲ့ Oppo A9 ထက္ အနည္းငယ္ပိုျမင့္တဲ့ A9x ဟန္းဆက္ကို ထပ္မံၿပီး တရားဝင္မိတ္ဆက္လာျပန္ပါတယ္။ အဓိကေျပာင္းလဲမႈကေတာ့ အေနာက္ဘက္က 48MP ကင္မရာျဖစ္ကာ A9 ရဲ႕ေနာက္ဘက္က အဓိက Sensor ျဖစ္တဲ့ 16MP ေနရာကို အစားထိုးထည့္သြင္းလာတာပါ။

A9 နဲ႔ A9x အၾကားက ေနာက္ထပ္ကြာျခားမႈတစ္ခုကေတာ့ ဘကၳရီပုိင္းမွာပါ။ ဟန္းဆက္ႏွစ္မ်ဳိးလုံးဟာ 4,020 mAh ပမာဏနဲ႔ပဲ လာေပမယ့္ A9x ကေတာ့ မူရင္းဗားရွင္းမွာ မပါတဲ့ VOOC 3.0 အားအျမန္သြင္းစနစ္ကို တပ္ဆင္လာခဲ့တာ ျဖစ္ပါတယ္။

က်န္တဲ့အစိတ္အပိုင္းေတြကေတာ့ A9 နဲ႔အတူတူေလာက္ပဲျဖစ္ၿပီး အတြင္းပိုင္းက Helio P70 ခ်စ္ပ္ဆက္၊ 6GB RAM မန္မုိရီ၊ 6.53” လက္မအရြယ္ FHD+ Display နဲ႔ 16MP Selfie ကင္မရာတုိ႔ ဆက္လက္သုံးစြဲလာပါတယ္။

Oppo A9x မွာ 128GB Storage ပမာဏတစ္ခါတည္းပါဝင္ၿပီး Android Pie အေျခခံထားတဲ့ ColorOS 6 နဲ႔ပြဲထြက္လာတယ္။ အေရာင္ကေတာ့ ႏွစ္မ်ဳိးရရွိႏုိင္ၿပီး Meteorite Black နဲ႔ Ice Jade White ဆုိတဲ့ နာမည္ခပ္ဆန္းဆန္းေတြနဲ႔ပါ။ ဒီဖုန္းအသစ္ကို တရုတ္ယြမ္ေငြ ၁,၉၉၉ (ျမန္မာေငြ ေလးသိန္းခြဲခန္႔) သတ္မွတ္ထားကာ တရုတ္ျပည္တြင္းမွာေတာ့ ေမလ ၂၁ ရက္ေန႔မွာတင္ စေရာင္းေတာ့မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

မေလ ၁၇ ရက်နေ့မှာ Oppo ဟာ ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ Oppo A9 ထက် အနည်းငယ်ပိုမြင့်တဲ့ A9x ဟန်းဆက်ကို ထပ်မံပြီး တရားဝင်မိတ်ဆက်လာပြန်ပါတယ်။ အဓိကပြောင်းလဲမှုကတော့ အနောက်ဘက်က 48MP ကင်မရာဖြစ်ကာ A9 ရဲ့နောက်ဘက်က အဓိက Sensor ဖြစ်တဲ့ 16MP နေရာကို အစားထိုးထည့်သွင်းလာတာပါ။

A9 နဲ့ A9x အကြားက နောက်ထပ်ကွာခြားမှုတစ်ခုကတော့ ဘက္ထရီပိုင်းမှာပါ။ ဟန်းဆက်နှစ်မျိုးလုံးဟာ 4,020 mAh ပမာဏနဲ့ပဲ လာပေမယ့် A9x ကတော့ မူရင်းဗားရှင်းမှာ မပါတဲ့ VOOC 3.0 အားအမြန်သွင်းစနစ်ကို တပ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့အစိတ်အပိုင်းတွေကတော့ A9 နဲ့အတူတူလောက်ပဲဖြစ်ပြီး အတွင်းပိုင်းက Helio P70 ချစ်ပ်ဆက်၊ 6GB RAM မန်မိုရီ၊ 6.53” လက်မအရွယ် FHD+ Display နဲ့ 16MP Selfie ကင်မရာတို့ ဆက်လက်သုံးစွဲလာပါတယ်။

Oppo A9x မှာ 128GB Storage ပမာဏတစ်ခါတည်းပါဝင်ပြီး Android Pie အခြေခံထားတဲ့ ColorOS 6 နဲ့ပွဲထွက်လာတယ်။ အရောင်ကတော့ နှစ်မျိုးရရှိနိုင်ပြီး Meteorite Black နဲ့ Ice Jade White ဆိုတဲ့ နာမည်ခပ်ဆန်းဆန်းတွေနဲ့ပါ။ ဒီဖုန်းအသစ်ကို တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ လေးသိန်းခွဲခန့်) သတ်မှတ်ထားကာ တရုတ်ပြည်တွင်းမှာတော့ မေလ ၂၁ ရက်နေ့မှာတင် စရောင်းတော့မှာဖြစ်ပါတယ်။

Ref – GSM Arena