OPPO ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလလယ်လောက်က Android 11 အခြေခံ ColorOS 11 ကို ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီဟာ OS Update ကို ကမ္ဘာတစ်ဝန်းရှိ သူ့ရဲ့ စမတ်ဖုန်းတွေဆီကို ဖြန့်ချိနေပြီ ဖြစ်ပါတယ်။

ColorOS 11 ကို ရရှိထားတဲ့ စမတ်ဖုန်းဟာ တကယ်တမ်းမှာတော့ များများစားစားမရှိသေးဘဲ၊ လက်တစ်ဆုပ်စာလောက်သာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်သစ်ကူးချိန်မတိုင်မီမှာပဲ တရုတ်နိုင်ငံအတွက် ColorOS 11 Update Q1 2021 အစီအစဉ်ကို ထုတ်ဖော်ခဲ့ပါတယ်။

OPPO အနေနဲ့ ဈေးကွက်အမျိုးမျိုးအတွက် ColorOS update timeline ကို မျှဝေပြီးဖြစ်သလို၊ ဒီအချိန်ဇယားအတိုင်းပဲ စတင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအရာအချို့ကြောင့် ကုမ္ပဏီဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက် Q1 2021 အစီအစဉ်ကို ပြန်ပြီးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ColorOS Assistant Weibo အကောင့်အရ OPPO ဟာ တရုတ်နိုင်ငံတွင်း OPPO စမတ်ဖုန်းအချို့ကို သုံးသုတ်ခွဲပြီး Update ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ပထမနှစ်ကြိမ်မှာတော့ Open Beta ကို အကန့်အသတ်နဲ့ ထုတ်ပေးသွားမှာဖြစ်ပြီး တတိယအကြိမ်မှာတော့ Stable Release ကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ဒီစာရင်းမှာတွေ့ရတဲ့ စမတ်ဖုန်းမော်ဒယ်တွေဟာ တရုတ်နိုင်ငံပြည်တွင်းဈေးကွက်အတွက်သီးသန့်ဖြစ်တယ်ဆိုပေမယ့်၊ အချို့ကလည်း မတူညီတဲ့နာမည်တွေနဲ့ နိုင်ငံတကာဈေးကွက်မှာ ရှိနေတာဖြစ်ပါတယ်။ Update ရရှိမယ့် မော်ဒယ်တွေနဲ့ ထုတ်ပေးမယ့်အချိန်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

January 27, 2021 – Open Beta (limited)
OPPO Reno3 5G
OPPO A92s
OPPO A52

March 2021 – Open Beta (limited)
OPPO Reno2
OPPO Reno2 Z
OPPO K5
OPPO A72 5G
OPPO A91

March 2021 – Stable Release
OPPO Reno 10x Zoom
OPPO Reno Ace
OPPO Reno3 Pro 5G
OPPO Reno4 SE 5G
OPPO Reno3 Vitality Edition
OPPO K7

Ref: Gizmochina