Unicode

OPPO ဟာ ပြီးခဲ့တဲ့ လတုန်းက တရုတ်နိုင်ငံမှာ ColorOS 7 အသစ်ကို မိတ်ဆက်ခဲ့သလို Reno Series စမတ်ဖုန်းအသစ်ဖြစ်လာမယ့် Reno 3 Series ဖုန်းတွေကိုလည်း ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီ Reno 3 Series ဖုန်းသစ်တွေမိတ်ဆက်မယ့် အချိန်ကို အတိအကျသိရပြီဖြစ်ပါတယ်။

OPPO ဟာ ဒီ Reno 3 Series စမတ်ဖုန်းတွေကို လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ Hangzhou ၊ China မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ပုံမှန် Reno 3 ၊ Reno 3 Pro နဲ့ Reno 3 Pro 5G ဖုန်းတွေပါဝင်လာမှာဖြစ်ပါတယ်။

OPPO ကနေ ထုတ်ပြန်ခဲ့တဲ့ Teaser တွေအရတော့ Reno 3 စမတ်ဖုန်းမှာ Waterdrop Notch Display နဲ့ Quad Camera Setup ပါဝင်မှာဖြစ်ပြီးတော့ Reno 3 Pro ဖုန်းတွေမှာတော့ Punch-hole Display နဲ့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ပုံမှန် Reno 3 စမတ်ဖုန်းဟာ Snapdragon 730G Processor ကိုပဲ အသုံးပြုလာမှာဖြစ်ၿပီး Reno 3 Pro ဖုန်းတွေကတော့ Qualcomm ရဲ့ Processor အသစ်ဖြစ်တဲ့ Snapdragon 765G Processor ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် OPPO အနေနဲ့ မကြာသေးခင်တုန်းကမှ မိတ်ဆက်ထားတဲ့ Redmi K30 Series ဖုန်းတွေနဲ့ ယှဥ်ပြိုင်ရမယ့်ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် OPPO အနေနဲ့ ယခုနှစ်ပိုင်းမှာ Reno Series ကို သေချာအာရုံစိုက်လာတဲ့အပြင် မကြာသေးခင်တုန်းကမှ Reno 2 Series ဖုန်းတွေကိုပါ မိတ်ဆက်ထားခဲ့တဲ့အတွက် ဒီ Reno 3 Series အသစ်တွေကရော ဘယ်လောက်ထိပိုပြီး ကောင်းလာနိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena

Zawgyi

OPPO ဟာ ၿပီးခဲ့တဲ့ လတုန္းက တ႐ုတ္ႏိုင္ငံမွာ ColorOS 7 အသစ္ကို မိတ္ဆက္ခဲ့သလို Reno Series စမတ္ဖုန္းအသစ္ျဖစ္လာမယ့္ Reno 3 Series ဖုန္းေတြကိုလည္း ဒီဇင္ဘာလအတြင္းမွာ မိတ္ဆက္မယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဒီ Reno 3 Series ဖုန္းသစ္ေတြမိတ္ဆက္မယ့္ အခ်ိန္ကို အတိအက်သိရၿပီျဖစ္ပါတယ္။

OPPO ဟာ ဒီ Reno 3 Series စမတ္ဖုန္းေတြကို လာမယ့္ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ Hangzhou ၊ China မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး ပုံမွန္ Reno 3 ၊ Reno 3 Pro နဲ႔ Reno 3 Pro 5G ဖုန္းေတြပါဝင္လာမွာျဖစ္ပါတယ္။

OPPO ကေန ထုတ္ျပန္ခဲ့တဲ့ Teaser ေတြအရေတာ့ Reno 3 စမတ္ဖုန္းမွာ Waterdrop Notch Display နဲ႔ Quad Camera Setup ပါဝင္မွာျဖစ္ၿပီးေတာ့ Reno 3 Pro ဖုန္းေတြမွာေတာ့ Punch-hole Display နဲ႔ Quad Camera Setup ကို အသုံးျပဳလာမွာျဖစ္ပါတယ္။

ပုံမွန္ Reno 3 စမတ္ဖုန္းဟာ Snapdragon 730G Processor ကိုပဲ အသုံးျပဳလာမွာျဖစ္ၿပီး Reno 3 Pro ဖုန္းေတြကေတာ့ Qualcomm ရဲ႕ Processor အသစ္ျဖစ္တဲ့ Snapdragon 765G Processor ကို အသုံးျပဳလာမယ္လို႔ ယူဆရပါတယ္။ အဲ့ဒီအတြက္ OPPO အေနနဲ႔ မၾကာေသးခင္တုန္းကမွ မိတ္ဆက္ထားတဲ့ Redmi K30 Series ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ရမယ့္ပုံစံပါပဲ။

ဘာပဲျဖစ္ျဖစ္ OPPO အေနနဲ႔ ယခုႏွစ္ပိုင္းမွာ Reno Series ကို ေသခ်ာအာ႐ုံစိုက္လာတဲ့အျပင္ မၾကာေသးခင္တုန္းကမွ Reno 2 Series ဖုန္းေတြကိုပါ မိတ္ဆက္ထားခဲ့တဲ့အတြက္ ဒီ Reno 3 Series အသစ္ေတြကေရာ ဘယ္ေလာက္ထိပိုၿပီး ေကာင္းလာႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena