OPPPO ဟာ ပြီးခဲ့တဲ့နှစ်က တန်ဖိုးနည်း TWS နားကြပ် ဖြစ်တဲ့ Enco Buds ကို ကြေညာခဲ့ပါတယ်။ အခုတော့ နောက်မျိုးဆက် နားကြပ်ကို ချပြတော့မယ်လို့ ထင်ပါတယ်။ OPPO Enco Buds2 ကို Telecommunications and Digital Government Regulatory Authority (TDRA) UAE ရဲ့ Certification Website မှာ တွေ့လာရပြီ ဖြစ်ပါတယ်။

Oppo enco buds2 TDRA listing

Tipster Mukul Sharma က OPPO Enco Buds2 ကို အဲဒီ Website မှာ တွေ့လာရပြီလို့ သတင်းပေးလာတာ ဖြစ်ပြီး Website မှာ နားကြပ်ရဲ့ Specs တွေကို ဘာမှ မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် နားကြပ်ရဲ့ အမည်ကို အတည်ပြုလာနိုင်ပြီ ဖြစ်ပြီး ကြေညာဖို့ သိပ်မဝေးတော့ပါဘူး။

အရင်မျိုးဆက် OPPO Enco Buds ရဲ့ Specs တွေကို ပြန်လည် ဖော်ပြရရင် 8mm Dynamic Driver တွေ ထည့်သွင်းထားပြီး Bluetooth 5.2 ပါပါတယ်။ နားကြပ်နဲ့ ColorOS ပါတဲ့ Device တွေကို လျှင်မြန်စွာ ချိတ်ဆက်နိုင်ပြီး AAC Audio Codec နဲ့ Dolby Atmos Audio တွေကို ထောက်ပံ့ထားပါတယ်။

IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ဖုန်းပြောချိန်မှာ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးတဲ့ ENC (Environmental Noice Cancellation) ထောက်ပံ့ထားပါတယ်။ Touch Gesture Control တွေကို အသုံးပြုနိုင်ပြီး Configuration နဲ့ Software Update အတွက် HeyMelody App ထည့်သွင်းထားပါတယ်။

OPPO Enco Buds Bluetooth True Wireless in Ear Earbuds(TWS) with Mic, 24H Battery Life, Supports Dolby Atmos Noise Cancellation During Calls, IP54 Dust & Water Resistant,(Blue, True Wireless) : Amazon.in: Electronics

နားကြပ် တစ်ဖက်စီဟာ  ၄ ဂရမ် အလေးချိန်ရှိပြီး တစ်ခါအားသွင်းထားရင် ၆ နာရီ အသုံးခံကာ Charging Case က ဘက်ထရီနဲ့ပေါင်းလိုက်ရင် ၂၄ နာရီအထိ အသုံးခံပါတယ်။ Case ကို USB Type-C Port နဲ့ အားသွင်းနိုင်ပါတယ်။

Ref : gizmochina