[Zawgyi]

ကမာၻေက်ာ္ကုန္အမွတ္တံဆိပ္မ်ားျဖစ္ေသာ Lamborghini၊ Pikachu၊ Barca၊ Guerlain စသည့္အမွတ္တံဆိပ္မ်ားႏွင့္ ပူးေပါင္း၍ လူငယ္မ်ားအႀကိဳက္ေတြ႕ေစမည့္ Limited Edition စမတ္ဖုန္းမ်ား ထုတ္လုပ္ခဲ့ေသာ OPPO သည္ ယခု ၂၀၁၉ ခုႏွစ္တြင္လည္း Marvel ကုမၸဏီႏွင့္ပူးေပါင္းၿပီး Avengers Edition စမတ္ဖုန္းကို မၾကာမီမိတ္ဆက္မည္ျဖစ္သည္။ OPPO ႏွင့္ Marvel သည္ ၎တို႔၏ သက္ဆိုင္ရာေဈးကြက္တြင္ ထိပ္တန္းေနရာရရွိထားသည့္ အမွတ္တံဆိပ္မ်ားျဖစ္ၿပီး OPPO ၏ F Series ႏွင့္ Marvel ၏ Avengers Series တို႔သည္လည္း သက္ဆိုင္ရာနယ္ပယ္မ်ားတြင္ လူႀကိဳက္အမ်ားဆုံးကုန္ပစၥည္းမ်ားျဖစ္သည္။ OPPO ႏွင့္ Marvel ၏ ခမ္းနားထည္ဝါေသာ ပူးေပါင္းေဆာင္႐ြက္မႈကို OPPO F11 Pro Avengers Limited Edition စမတ္ဖုန္းအျဖစ္ ေတြ႕ျမင္ ရမည္ျဖစ္သည္။

စူပါဟီး႐ိုးတစ္ေယာက္တည္းျဖင့္ ျပႆနာအားလုံး ေျဖရွင္းျခင္းထက္ ဟီး႐ိုးမ်ား စုေပါင္းေျဖရွင္းျခင္းက ျပႆနာကို ပို၍ ျမန္ဆန္စြာေျပလည္ေစမည္ဟူေသာ ေမွ်ာ္မွန္းခ်က္ျဖင့္ Marvel သည္ Avengers စူပါဟီး႐ိုးမ်ားအဖြဲ႕ကို ဖြဲ႕စည္းခဲ့သကဲ့သို႔ စမတ္ဖုန္းအသုံးျပဳသူမ်ား၏ လိုအပ္ခ်က္မ်ားကို အေကာင္းဆုံးျဖည့္ဆည္းေပးမည့္ Portrait Master ျဖစ္ေသာ F11 Pro ကို OPPO မွ ဖန္တီးခဲ့သည္။ ကမာၻတစ္ဝန္းရွိ လူငယ္လူ႐ြယ္မ်ားအတြက္ စမတ္ဖုန္းဒီဇိုင္းဆန္းမ်ား အစဥ္ထုတ္ေပးလ်က္ရွိသည့္ OPPO သည္ ယခုအႀကိမ္တြင္ Marvel ပရိသတ္မ်ားအတြက္ စိတ္လႈပ္ရွားဖြယ္ အမွတ္တရအျဖစ္ Avengers စူပါဟီး႐ိုးဇာတ္ေကာင္မ်ား၏ ေပၚလြင္ထင္ရွားေသာ လကၡဏာမ်ားပါရွိသည့္ F11 Pro ဖုန္းကို မိတ္ဆက္မည္ ျဖစ္သည္။

OPPO F11 Pro Avengers Limited Edition ဖုန္းတြင္ Avengers အဖြဲ႕ေခါင္းေဆာင္ Captain America ကဲ့သို႔ လွပခံ့ညားေသာစမတ္ဖုန္းကိုယ္ထည္ဒီဇိုင္း၊ Iron Man ၏ ပ်ံသန္းႏိုင္ေသာ ခ်ပ္ဝတ္တန္ဆာကဲ့သို႔ နည္းပညာ အဆင့္အတန္းျမင့္မားသည့္ Rising Camera၊ Thor ၏ မိုးႀကိဳးလွ်ပ္စီးအစြမ္းကဲ့သို႔ အလြန္ျမန္ဆန္သည့္ VOOC 3.0 အားသြင္းစနစ္၊ ခံႏိုင္ရည္အားေကာင္းေသာ တည္ေဆာက္မႈရွိသည့္ Hulk ကဲ့သို႔ 6GB RAM + 128GB ROM သိုေလွာင္မႈပမာဏ၊ Black Widow ကဲ့သို႔ ေပါ့ပါးသြက္လက္ျမန္ဆန္ေသာ Hyper Boost စနစ္ႏွင့္ ညအခ်ိန္တြင္ပင္ မွန္ကန္တိက်စြာ ျမားပစ္ႏိုင္သည့္ Hawkeye ကဲ့သို႔ အလင္းမွိန္မွိန္တြင္ ပုံရိပ္မ်ားကို ထင္ရွားစြာ႐ိုက္ကူးႏိုင္သည့္ 48MP ပါ ေက်ာဘက္ကင္မရာႏွစ္လုံးတို႔ ပါရွိသည္။

F11 Pro Avengers Limited Edition စမတ္ဖုန္းအေရာင္ကို Avengers: Endgame ႐ုပ္ရွင္ဇာတ္ကားမွ ေစ့ေဆာ္ဖန္တီးထားျခင္းျဖစ္ၿပီး Space Blue အေရာင္ဟု အမည္ေပးထားသည္။ ဖုန္းကိုယ္ထည္ေနာက္ခံကို အျပာေရာင္ဆ႒ဂံအကြက္ေလးမ်ားျဖင့္ အလွဆင္ထားၿပီး OPPO အမွတ္တံဆိပ္ေရာင္ေျပး effect မ်ားကို ထည့္သြင္းပုံေဖာ္ထားသည္။ အနီေရာင္ရင့္ရင့္ရွိေသာ Avengers logo သည္ အျပာေရာင္ေနာက္ခံႏွင့္အတူ ဆြဲေဆာင္မႈရွိေသာ အနီႏွင့္အျပာ ဆန႔္က်င္ဘက္အေရာင္ေပါင္းစပ္မႈကို ဖန္တီးေပး႐ုံသာမက ဖုန္းေဘးဘက္ရွိ အနီေရာင္ခလုတ္ကိုလည္း သိသာထင္ရွားေစသည္။ စမတ္ဖုန္းေက်ာဘက္ရွိ ႀကီးမားေသာတစ္ပိုင္းတစ္စ logo ႏွင့္ ကင္မရာမ်ားအေပၚဘက္ရွိ ျပည့္စုံသည့္ logo မ်ားျဖင့္ Limited Edition စမတ္ဖုန္းကို အႏုပညာေျမာက္ေစမည္ျဖစ္သည္။ ရင္သပ္ရႈေမာဖြယ္ Panoramic Screen ႏွင့္ ေတြ႕ျမင္ရမည့္ Limited Edition ဖုန္းတြင္ အျမင္အာ႐ုံကို ညႇိဳ႕ယူဖမ္းစားႏိုင္ေသာ Avengers Logo Wallpaper လည္းပါရွိမည္ျဖစ္သည္။

ထို႔အျပင္ OPPO Myanmar သည္ F Series ၏ ေနာက္ထပ္မ်ိဳးဆက္သစ္ျဖစ္ေသာ OPPO F11 စမတ္ဖုန္းကို F11 Pro Avengers Limited Edition ဖုန္းႏွင့္အတူ ျပည္တြင္းေဈးကြက္တြင္ မိတ္ဆက္သြားမည္ျဖစ္သည္။ OPPO F11 စမတ္ဖုန္းသည္ ေရစက္ပုံစံမ်က္ႏွာျပင္၊ ၆.၅ လက္မရွိေသာ မ်က္ႏွာျပင္အ႐ြယ္အစား၊ ၉၀.၇၀% ရွိေသာ မ်က္ႏွာျပင္အခ်ိဳး၊ ညအခ်ိန္တြင္ပင္ ပိုမိုၾကည္လင္ျပတ္သားေသာ ဓာတ္ပုံ႐ုပ္ထြက္မ်ားရရွိေစမည့္ 48MP+5MP ေက်ာဘက္ကင္မရာႏွစ္လုံး၊ ပိုမိုလွပေသာ Selfie ပုံမ်ားကို ရရွိေစမည့္ 16MP AI Beauty ေရွ႕ဘက္ကင္မရာ၊ ပုံမွန္အားသြင္းစနစ္မ်ားထက္ တစ္နာရီပိုျမန္ေသာ VOOC 3.0 အျမန္အားသြင္းစနစ္၊ တစ္ေနကုန္အသုံးျပဳႏိုင္ေသာ တာရွည္ခံသည့္ 4,020mAh ဘက္ထရီပမာဏ၊ ဖုန္းစြမ္းေဆာင္ရည္ကို ပိုမိုျမန္ဆန္ေစၿပီး တုံ႔ျပန္အား ပိုေကာင္းေစေသာ Hyper Boost စနစ္၊ 4GB RAM+ 128GB ROM သိုေလွာင္မႈပမာဏႏွင့္ Android 9.0 ကို အေျခခံထားေသာ ColorOS 6 ျဖင့္ ထြက္ရွိမည္ျဖစ္သည္။ F11 ဖုန္းကို ဆန္းသစ္လွပေသာ Fluorite Purple အေရာင္ႏွင့္ Marble Green အေရာင္ဟူသည့္ 3D အေရာင္ေျပးကာလာႏွစ္မ်ိဳးျဖင့္ ရရွိမည္ျဖစ္သည္။

စူပါဟီး႐ိုးစြမ္းအားမ်ားကို စုေပါင္းထားသည့္အလား ဖန္တီးထားၿပီး OPPO F11 Pro ၏ အဓိကဖုန္းအစိတ္အပိုင္းအားလုံး အျပည့္အစုံပါရွိေသာ F11 Pro Avengers Limited Edition စမတ္ဖုန္းႏွင့္ F Series ၏ မ်ိဳးဆက္သစ္ျဖစ္ေသာ F11 စမတ္ဖုန္းကို Marvel ပရိသတ္မ်ား အထူးေမွ်ာ္လင့္ေစာင့္စားေနသည့္ Avengers: Endgame ႐ုပ္ရွင္ဇာတ္ကား ပြဲဦးထြက္႐ုံတင္ျပသမည့္ ဧၿပီလ (၂၆) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ စံရိပ္ၿငိမ္ဂမုန္းပြင့္ရွိ မဂၤလာ႐ုပ္ရွင္႐ုံ၌ မိတ္ဆက္သြားမည္ျဖစ္သည္။

[Unicode]

OPPO F11 Pro Avengers Limited Edition ဖုန်းနှင့် F Series မျိုးဆက်သစ် F11 ဖုန်းကို မကြာမီ မိတ်ဆက်မည်

ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များဖြစ်သော Lamborghini၊ Pikachu၊ Barca၊ Guerlain စသည့်အမှတ်တံဆိပ်များနှင့် ပူးပေါင်း၍ လူငယ်များအကြိုက်တွေ့စေမည့် Limited Edition စမတ်ဖုန်းများ ထုတ်လုပ်ခဲ့သော OPPO သည် ယခု ၂၀၁၉ ခုနှစ်တွင်လည်း Marvel ကုမ္ပဏီနှင့်ပူးပေါင်းပြီး Avengers Edition စမတ်ဖုန်းကို မကြာမီမိတ်ဆက်မည်ဖြစ်သည်။ OPPO နှင့် Marvel သည် ၎င်းတို့၏ သက်ဆိုင်ရာဈေးကွက်တွင် ထိပ်တန်းနေရာရရှိထားသည့် အမှတ်တံဆိပ်များဖြစ်ပြီး OPPO ၏ F Series နှင့် Marvel ၏ Avengers Series တို့သည်လည်း သက်ဆိုင်ရာနယ်ပယ်များတွင် လူကြိုက်အများဆုံးကုန်ပစ္စည်းများဖြစ်သည်။ OPPO နှင့် Marvel ၏ ခမ်းနားထည်ဝါသော ပူးပေါင်းဆောင်ရွက်မှုကို OPPO F11 Pro Avengers Limited Edition စမတ်ဖုန်းအဖြစ် တွေ့မြင် ရမည်ဖြစ်သည်။

စူပါဟီးရိုးတစ်ယောက်တည်းဖြင့် ပြဿနာအားလုံး ဖြေရှင်းခြင်းထက် ဟီးရိုးများ စုပေါင်းဖြေရှင်းခြင်းက ပြဿနာကို ပို၍ မြန်ဆန်စွာပြေလည်စေမည်ဟူသော မျှော်မှန်းချက်ဖြင့် Marvel သည် Avengers စူပါဟီးရိုးများအဖွဲ့ကို ဖွဲ့စည်းခဲ့သကဲ့သို့ စမတ်ဖုန်းအသုံးပြုသူများ၏ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးမည့် Portrait Master ဖြစ်သော F11 Pro ကို OPPO မှ ဖန်တီးခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ လူငယ်လူရွယ်များအတွက် စမတ်ဖုန်းဒီဇိုင်းဆန်းများ အစဉ်ထုတ်ပေးလျက်ရှိသည့် OPPO သည် ယခုအကြိမ်တွင် Marvel ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ် အမှတ်တရအဖြစ် Avengers စူပါဟီးရိုးဇာတ်ကောင်များ၏ ပေါ်လွင်ထင်ရှားသော လက္ခဏာများပါရှိသည့် F11 Pro ဖုန်းကို မိတ်ဆက်မည် ဖြစ်သည်။

OPPO F11 Pro Avengers Limited Edition ဖုန်းတွင် Avengers အဖွဲ့ခေါင်းဆောင် Captain America ကဲ့သို့ လှပခံ့ညားသောစမတ်ဖုန်းကိုယ်ထည်ဒီဇိုင်း၊ Iron Man ၏ ပျံသန်းနိုင်သော ချပ်ဝတ်တန်ဆာကဲ့သို့ နည်းပညာ အဆင့်အတန်းမြင့်မားသည့် Rising Camera၊ Thor ၏ မိုးကြိုးလျှပ်စီးအစွမ်းကဲ့သို့ အလွန်မြန်ဆန်သည့် VOOC 3.0 အားသွင်းစနစ်၊ ခံနိုင်ရည်အားကောင်းသော တည်ဆောက်မှုရှိသည့် Hulk ကဲ့သို့ 6GB RAM + 128GB ROM သိုလှောင်မှုပမာဏ၊ Black Widow ကဲ့သို့ ပေါ့ပါးသွက်လက်မြန်ဆန်သော Hyper Boost စနစ်နှင့် ညအချိန်တွင်ပင် မှန်ကန်တိကျစွာ မြားပစ်နိုင်သည့် Hawkeye ကဲ့သို့ အလင်းမှိန်မှိန်တွင် ပုံရိပ်များကို ထင်ရှားစွာရိုက်ကူးနိုင်သည့် 48MP ပါ ကျောဘက်ကင်မရာနှစ်လုံးတို့ ပါရှိသည်။

F11 Pro Avengers Limited Edition စမတ်ဖုန်းအရောင်ကို Avengers: Endgame ရုပ်ရှင်ဇာတ်ကားမှ စေ့ဆော်ဖန်တီးထားခြင်းဖြစ်ပြီး Space Blue အရောင်ဟု အမည်ပေးထားသည်။ ဖုန်းကိုယ်ထည်နောက်ခံကို အပြာရောင်ဆဋ္ဌဂံအကွက်လေးများဖြင့် အလှဆင်ထားပြီး OPPO အမှတ်တံဆိပ်ရောင်ပြေး effect များကို ထည့်သွင်းပုံဖော်ထားသည်။ အနီရောင်ရင့်ရင့်ရှိသော Avengers logo သည် အပြာရောင်နောက်ခံနှင့်အတူ ဆွဲဆောင်မှုရှိသော အနီနှင့်အပြာ ဆန့်ကျင်ဘက်အရောင်ပေါင်းစပ်မှုကို ဖန်တီးပေးရုံသာမက ဖုန်းဘေးဘက်ရှိ အနီရောင်ခလုတ်ကိုလည်း သိသာထင်ရှားစေသည်။ စမတ်ဖုန်းကျောဘက်ရှိ ကြီးမားသောတစ်ပိုင်းတစ်စ logo နှင့် ကင်မရာများအပေါ်ဘက်ရှိ ပြည့်စုံသည့် logo များဖြင့် Limited Edition စမတ်ဖုန်းကို အနုပညာမြောက်စေမည်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် Panoramic Screen နှင့် တွေ့မြင်ရမည့် Limited Edition ဖုန်းတွင် အမြင်အာရုံကို ညှို့ယူဖမ်းစားနိုင်သော Avengers Logo Wallpaper လည်းပါရှိမည်ဖြစ်သည်။

ထို့အပြင် OPPO Myanmar သည် F Series ၏ နောက်ထပ်မျိုးဆက်သစ်ဖြစ်သော OPPO F11 စမတ်ဖုန်းကို F11 Pro Avengers Limited Edition ဖုန်းနှင့်အတူ ပြည်တွင်းဈေးကွက်တွင် မိတ်ဆက်သွားမည်ဖြစ်သည်။ OPPO F11 စမတ်ဖုန်းသည် ရေစက်ပုံစံမျက်နှာပြင်၊ ၆.၅ လက်မရှိသော မျက်နှာပြင်အရွယ်အစား၊ ၉၀.၇၀% ရှိသော မျက်နှာပြင်အချိုး၊ ညအချိန်တွင်ပင် ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံရုပ်ထွက်များရရှိစေမည့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုမိုလှပသော Selfie ပုံများကို ရရှိစေမည့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်သော VOOC 3.0 အမြန်အားသွင်းစနစ်၊ တစ်နေကုန်အသုံးပြုနိုင်သော တာရှည်ခံသည့် 4,020mAh ဘက်ထရီပမာဏ၊ ဖုန်းစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး တုံ့ပြန်အား ပိုကောင်းစေသော Hyper Boost စနစ်၊ 4GB RAM+ 128GB ROM သိုလှောင်မှုပမာဏနှင့် Android 9.0 ကို အခြေခံထားသော ColorOS 6 ဖြင့် ထွက်ရှိမည်ဖြစ်သည်။ F11 ဖုန်းကို ဆန်းသစ်လှပသော Fluorite Purple အရောင်နှင့် Marble Green အရောင်ဟူသည့် 3D အရောင်ပြေးကာလာနှစ်မျိုးဖြင့် ရရှိမည်ဖြစ်သည်။

စူပါဟီးရိုးစွမ်းအားများကို စုပေါင်းထားသည့်အလား ဖန်တီးထားပြီး OPPO F11 Pro ၏ အဓိကဖုန်းအစိတ်အပိုင်းအားလုံး အပြည့်အစုံပါရှိသော F11 Pro Avengers Limited Edition စမတ်ဖုန်းနှင့် F Series ၏ မျိုးဆက်သစ်ဖြစ်သော F11 စမတ်ဖုန်းကို Marvel ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသည့် Avengers: Endgame ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ရုံတင်ပြသမည့် ဧပြီလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ မိတ်ဆက်သွားမည်ဖြစ်သည်။