OPPO ဟာ အိန္ဒိယနိုင်ငံမှာ OPPO F Series ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ ဖုန်းကို OPPO F23 5G လို့ နာမည်ပေးထားပြီး အစောပိုင်းတုန်းက မလေးရှားနိုင်ငံမှာ OPPO A98 နာမည်နဲ့ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းနဲ့ အကုန်လုံးနီးပါး ဆင်တူနေပါတယ်။

OPPO F23 5G ဖုန်းဟာ 6.72″ IPS LCD Display ပါဝင်မှာဖြစ်ပြီး Full HD+ Resolution အပြင် 120Hz Refresh Rate ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Display အပေါ်ဘက်မှာ 32MP Selfie Camera ကို Punch-hole အနေနဲ့ ဒီဇိုင်းပြုလုပ်ထားပါတယ်။

Back Camera Setup အတွက် 64MP Main Camera အပြင် 2MP Monochrome Sensor နဲ့ 2MP Microscope Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားပြီး RAM 8GB နဲ့ 256GB Storage ထည့်သွင်းပေးထားပါတယ်။

Battery ပိုင်းမှာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 67W Fast Charging ကို Support ပြုလုပ်မယ်လို့ သိရပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ Stereo Speaker ၊ Headphone Jack ၊ Side-mounted Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။

OPPO F23 5G ဖုန်းကို Cool Black နဲ့ Bold Gold ဆိုပြီး အရောင် ၂ မျိုး ထုတ်လုပ်ထားပြီး စျေးနှုန်းအနေနဲ့ INR 24,999 (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချသွားမှာပါ။

Ref – GSM Arena