OPPO ကတော့ သူ့အစီအစဉ်အတိုင်းပဲ Find N2 Flip ကို နိုင်ငံတကာဈေးကွက်အတွက် ကြေညာလိုက်ပါပြီ။ ထုံးစံအတိုင်း ဈေးကွက်အလိုက် ဈေးနှုန်းတွေကတော့ အနည်းငယ် ကွဲပြားမှုရှိပါတယ်။ ယူကေမှာ £849 ဖြစ်ပြီး ပြင်သစ်နဲ့ ပေါ်တူဂီမှာ €1,099 ဖြစ်ပါတယ်။ စပိန်မှာတော့ €1,049 နဲ့ ရောင်းချပြီး တချို့ဈေးကွက်တွေမှာတော့ ပရိုမိုးရှင်းတွေကြောင့် €999 လောက်အထိ လျှော့ဈေးတွေနဲ့ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။

OPPO Find N2 Flip ကလည်း ရှေ့ကထွက်ရှိပြီးသား Flip ဖုန်းတွေအတိုင်း သိပ်မကွာတဲ့ ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung Galaxy Z Flip4, the Motorola Razr 2022 နဲ့ Huawei’s P50 Pocket စတဲ့ Flip ဖုန်းတွေအပြင် ထောက်ထပ်ရွေးချယ်စရာ အမှတ်တံဆိပ်တစ်ခု ထွက်ပေါ်လာတာတော့ ဝမ်းသာစရာပါပဲ။

OPPO Find N2 Flip ဟာ Galaxy Z Flip4 ထက်တော့ နည်းနည်းပိုကြီးပါတယ်။ သူ့ရဲ့ဖြန့်ထားတဲ့မျက်နှာပြင်ဟာ 6.8-inch ဖြစ်ပြီး Cover screen ကတော့ 3.23-inch ဖြစ်ပါတယ်။ ဘက်ထရီက 4,300mAh ပမာဏဖြစ်ပြီး 44W ကြိုးတပ်အားသွင်းစနစ်ကို ထောက်ပံ့ထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်တော့ မပါဝင်ပါဘူး။

Find N2 Flip မှာ 8/12/16GB RAM နဲ့ 256/512GB Storage စတဲ့ Memory နဲ့ သိုလှောင်မှုပမာဏတွေကို ရွေးချယ်နိုင်ပါတယ်။ 4nm Dimensity 9000+ chipset နဲ့ မောင်းနှင်ထားပြီး OPPO ရဲ့ Android 13 အခြေခံ ColorOS 13 နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 50MP အဓိကကင်မရာနဲ့ 8MP fixed-focus ultrawide ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ Selfie အတွက်ကတော့ 32MP autofocusing selfie ကင်မရာကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Ref: GSM Arena