OPPO က ဒီလ ၁၅ ရက်နေ့ လန်ဒန်မှာ Find N2 Flip ကို ကြေညာတော့မှာ ဖြစ်ပြီး တရုတ် ပြင်ပမှာ ကြေညာတဲ့ OPPO ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာမှာ Flip စတိုင် Foldable စမတ်ဖုန်း ဈေးကွက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာမှာပါ။

Samsung Galaxy Z Flip 4 နဲ့ Motorola Razr တို့ရဲ့ ပြိုင်ဖက် ဖြစ်လာမှာ ဖြစ်ပြီး Consumer တွေအတွက် ရွေးချယ်စရာပိုများလာမှာပါ။

OPPO Find N2 Flip: European pricing leak touts Samsung Galaxy Z Flip4 parity - NotebookCheck.net News

၂၀၂၁ ခုနှစ်ထုတ် Find N နဲ့ Find N2 တို့ဟာ ကွဲပြားခြားနားကြပြီး Galaxy Z Fold 4 ထက် အရွယ်အစား သေးငယ်ကြပါတယ်။

OPPO က လန်ဒန်မှာ Find N2 Flip မိတ်ဆက်ပွဲကို YouTube မှာ တိုက်ရိုက်ပြသမှာ ဖြစ်ပြီး ဒေသစံတော်ချိန် နေ့လည် ၂ နာရီခွဲမှာ မိတ်ဆက်ပွဲ စတင်မှာ ဖြစ်ပါတယ်။

Ref : gsmarena