[Unicode]

Sony က လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ကင်မရာ ဆန်ဆာ အသစ်တွေကို မိတ်ဆက်တော့မယ်လို့ ထင်ရပြီး အဲဒီထဲမှာ IMX708 က နာမည်အကြီးဆုံး ဖြစ်နေပါတယ်။ အဲဒီ ဆန်ဆာက 48MP Images တွေကို ထုတ်လုပ်ပေးနိုင်ပြီး လက်ရှိ စွမ်းဆောင်ရည်မြင့် ဖုန်းတွေမှာ သုံးထားတဲ့ Dual Pixel AF ထက် ပိုအဆင့်မြင့်တဲ့ Omnidirectional Focusing နည်းပညာ ပါလာနိုင်ပါတယ်။

တရုတ် နာမည်ကျော် Leakster ၁ ယောက်က ဒီသတင်းကို မျှဝေလိုက်တာဖြစ်ပြီး သူက IMX586 ထက် ပိုကောင်းတဲ့ IMX686 နဲ့ အရှေ့ ကင်မရာအတွက် IMX616 ဆန်ဆာတွေကိုလည်း မိတ်ဆက်မယ်လို့ ပြောပါတယ်။ IMX708 ဟာ 1/1.3” ရှိတဲ့ အရွယ်ကြီး ဆန်ဆာဖြစ်ပြီး 48MP Images တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ IMX708 မှာ ပါတဲ့ Omnidirectional Focusing နည်းပညာဟာ Vertical Patterns တွေကို တိုင်းတာခြင်းဖြင့် လက်ရှိ Dual Pixel AF ထက် ပိုကောင်းလာမှာပါ။ အဲဒီအတွက် Focus လုပ်ရာမှာ ပိုမြန်လာပြီး Low-light စွမ်းရည် ပိုလန်းလာမှာပါ။

IMX686 နဲ့ IMX616 တို့ရဲ့ Specs အကြောင်း အများကြီး မသိရသေးပါဘူး။ ပထမ ၁ လုံးက ဆော့ဖ်ဝဲအပိုင်းမှာ IMX586 ထက် ပိုကောင်းပြီး ဒုတိယ ၁ လုံးကို IMX708 နဲ့အတူ OPPO Find X2 လို့ ထင်ရတဲ့ စမတ်ဖုန်းမှာ ထည့်သွင်းထားနိုင်ပါတယ်။ နာမည်ကြီးတရုတ် ကုမ္ပဏီတွေအားလုံးက အဲဒီ ဆန်ဆာတွေ ပါတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပေမယ့် ဖုန်း မော်ဒယ်တွေကို မသိရသေးပါဘူး။

Ref : gsmarena

[Zawgyi]

SONY က ထုတ္တဲ့ အလန္းစား Camera Sensor ကို OPPO Find X2 မွာ သုံးထားႏိုင္

Sony က လာမယ့္ ရက္သတၱပတ္ေတြအတြင္းမွာ ကင္မရာ ဆန္ဆာ အသစ္ေတြကို မိတ္ဆက္ေတာ့မယ္လို႔ ထင္ရၿပီး အဲဒီထဲမွာ IMX708 က နာမည္အႀကီးဆုံး ျဖစ္ေနပါတယ္။ အဲဒီ ဆန္ဆာက 48MP Images ေတြကို ထုတ္လုပ္ေပးႏိုင္ၿပီး လက္ရွိ စြမ္းေဆာင္ရည္ျမင့္ ဖုန္းေတြမွာ သုံးထားတဲ့ Dual Pixel AF ထက္ ပိုအဆင့္ျမင့္တဲ့ Omnidirectional Focusing နည္းပညာ ပါလာႏိုင္ပါတယ္။

တ႐ုတ္ နာမည္ေက်ာ္ Leakster ၁ ေယာက္က ဒီသတင္းကို မွ်ေဝလိုက္တာျဖစ္ၿပီး သူက IMX586 ထက္ ပိုေကာင္းတဲ့ IMX686 နဲ႔ အေရွ႕ ကင္မရာအတြက္ IMX616 ဆန္ဆာေတြကိုလည္း မိတ္ဆက္မယ္လို႔ ေျပာပါတယ္။ IMX708 ဟာ 1/1.3” ရွိတဲ့ အ႐ြယ္ႀကီး ဆန္ဆာျဖစ္ၿပီး 48MP Images ေတြကို ထုတ္လုပ္ေပးႏိုင္ပါတယ္။ IMX708 မွာ ပါတဲ့ Omnidirectional Focusing နည္းပညာဟာ Vertical Patterns ေတြကို တိုင္းတာျခင္းျဖင့္ လက္ရွိ Dual Pixel AF ထက္ ပိုေကာင္းလာမွာပါ။ အဲဒီအတြက္ Focus လုပ္ရာမွာ ပိုျမန္လာၿပီး Low-light စြမ္းရည္ ပိုလန္းလာမွာပါ။

IMX686 နဲ႔ IMX616 တို႔ရဲ႕ Specs အေၾကာင္း အမ်ားႀကီး မသိရေသးပါဘူး။ ပထမ ၁ လုံးက ေဆာ့ဖ္ဝဲအပိုင္းမွာ IMX586 ထက္ ပိုေကာင္းၿပီး ဒုတိယ ၁ လုံးကို IMX708 နဲ႔အတူ OPPO Find X2 လို႔ ထင္ရတဲ့ စမတ္ဖုန္းမွာ ထည့္သြင္းထားႏိုင္ပါတယ္။ နာမည္ႀကီးတ႐ုတ္ ကုမၸဏီေတြအားလုံးက အဲဒီ ဆန္ဆာေတြ ပါတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္လာေပမယ့္ ဖုန္း ေမာ္ဒယ္ေတြကို မသိရေသးပါဘူး။

Ref : gsmarena