OPPO က စွမ်းရည်မြင့် Find X7 Ultra ကို ကြေညာလိုက်ပြီး စမတ်ဖုန်း နယ်ပယ်မှာ ပထမဆုံးဆိုတဲ့ နည်းပညာတွေ ပါလာပါတယ်။ Periscope Telephoto ကင်မရာ ၂ လုံးပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပြီး ၁ လက်မ Sony LYT-900 Sensor သုံးထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။

Oppo Find X7 Ultra is the first dual-periscope flagship, brings new Sony 1-inch sensor

ကင်မရာကို ဆွီဒင် ကုမ္ပဏီ Hasselblad နဲ့ ပူးပေါင်း ဖန်တီးထားပါတယ်။ ကင်မရာမှာ သင့် ဓါတ်ပုံတွေကို အရည်အသွေး မကျစေဘဲ သဘာဝဆန်တဲ့ ရုပ်ထွက်ရစေတဲ့ HyperTone Engine ထည့်သွင်းထားပါတယ်။

6.82” LTPO OLED QHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 4,500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။   Snapdragon 8 Gen 3 မောင်းနှင်ထားပြီး 16GB LPDDR5x RAM နဲ့ 512GB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။

ကင်မရာတွေဟာ Find X7 Ultra ရဲ့ Key Selling Point ဖြစ်ပြီး စွမ်းရည်မြင့် 50MP ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ ဒုတိယမျိုးဆက် ၁ လက်မ Sony LYT-900 Sensor ကို Wide ကင်မရာထဲမှာ တပ်ဆင်ထားပါတယ်။

Oppo Find X7 Ultra is the first dual-periscope flagship, brings new Sony 1-inch sensor

Periscope ကင်မရာ ၂ လုံးက ထူးခြားပါတယ်။ 65mm 3x Periscope ကင်မရာမှာ f/2.6 Aperture နဲ့ OIS ပါလာပြီး အနိမ့်ဆုံး Focus အကွာအဝေးက ၂၅ စင်တီမီတာ ဖြစ်ပါတယ်။ 135mm 6x Telephoto ကင်မရာမှာ 1/2.51” Sony IMX858 Sensor ပါလာပြီး OIS ထောက်ပံ့ထားကာ Focus က ၃၅ စင်တီမီတာ ဖြစ်ပါတယ်။

OPPO က ကင်မရာ ၄ လုံးဟာ ဓါတ်ပုံ အရည်အသွေး သိသိသာသာ မကျစေဘဲ ၁၄ မီလီမီတာနဲ့ ၂၇၀ မီလီမီတာ အတွင်း ချောမွတ်တဲ့ Zoom ကို ထုတ်လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။

Find X7 Ultra မှာ 100W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 14 အခြေပြု ColorOS မောင်းနှင်ထားပါတယ်။ Ocean Blue, Sepia Brown နဲ့ Tailored Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Find X7 Ultra ကို လက်ရှိမှာ တရုတ်မှာပဲ ရောင်းချထားပြီး 12/256GB ကို ၈၄၀ ဒေါ်လာ ၊ 16/256GB ကို ၉၁၀ ဒေါ်လာနဲ့ 16/512GB ကို ၉၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena