OPPO Find N သည် စမတ်ဖုန်းပုံစံများနှင့် ပတ်သက်၍ အခြေခံအချက်အလက်အသစ်များဆွေးနွေးမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။ Google I/O ဆွေးနွေးမှုအပြီး OPPO နှင့် Google တို့မှ အင်ဂျင်နီယာများသည် စမတ်ဖုန်းပုံစံများနှင့် ပတ်သက်၍ အခြေခံအချက်အလက်အသစ်များအပေါ်တွင် User Experience များ၏ သက်ရောက်ပုံများကို Instagram Live session မှ တစ်ဆင့် ပူးတွဲဆွေးနွေးခဲ့ကြသည်။

OPPO ၏ ပထမဦးဆုံးသော စွမ်းဆောင်ရည်မြင့် Foldable Smartphone ဖြစ်သည့် OPPO Find N သည် စမတ်ဖုန်းလောကတွင် စမတ်ဖုန်းပုံစံအသစ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုတွင် ရှေ့တန်းမှ ဆက်လက် ရပ်တည်လျက်ရှိသည်။ OPPO Find N ၏ ပရီမီယံအရည်အသွေးနှင့် Foldable Smartphone အတွေ့အကြုံကို အပြည့်အဝရရှိစေရန် ထည့်သွင်းပေးထားသည့် ဖန်တီးမှုအသစ်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားပြီး မေလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် Google I/O ဆွေးနွေးမှုတွင် အဆိုပါ အချက်အလက်များကို ပြသဆွေးနွေးခဲ့သည်။

ထို့အပြင် OPPO Find N သည် ကမ္ဘာတစ်ဝန်းတွင် Android 13 Beta ကို အသုံးပြုခွင့်ရရှိထားသည့် ပထမဆုံးသော စမတ်ဖုန်းများထဲမှ တစ်ခုဖြစ်သည်။ OPPO ၏ ColorOS လည်ပတ်မှုစနစ်အပေါ် အခြေခံ၍ Android 13 Beta ၏ Developer Preview ကို မေလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံရှိ Find N အသုံးပြုသူများအတွက် Download ပြုလုပ်နိုင်ပြီဖြစ်ကြောင်း OPPO မှ ကြေညာခဲ့သည်။ Find N နှင့်အတူ Android 13 Beta စနစ်ကို OPPO စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်သည့် Find X5 Pro တွင်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။

“OPPO အတွက် ဆန်းသစ်ထွင်မှုဆိုတာကတော့ နည်းပညာတွေကိုပဲ အောင်မြင်အောင် ဆန်းသစ်တီထွင်ထားတာ မဟုတ်ဘဲ သုံးစွဲသူတွေအတွက် ခွန်အားဖြစ်စေဖို့ သူတို့ရဲ့ လိုအပ်ချက်တွေကို အဖြေရှာဖွေဖော်ထုတ်ပြီးတော့ ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေနဲ့ နည်းပညာကို တီထွင်ဖန်တီးထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်” ဟု OPPO Chief Product Officer ဖြစ်သူ Pete Lau က ပြောကြားခဲ့သည်။ “OPPO Find N ဟာ သုံးစွဲသူတွေကို နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကနေတစ်ဆင့် ခွန်အားဖြစ်စေဖို့ OPPO ကနေ လုပ်‌ဆောင်နေတဲ့ နည်းပညာလမ်းကြောင်းတွေထဲက အခြေခံ အုတ်မြစ်တစ်ခုအဖြစ် ကိုယ်စားပြုပါတယ်။ Google နဲ့ လက်တွဲလုပ်ဆောင်ပြီးတော့ အခုတွေ့ရှိရတဲ့ Cutting-edge Hardware နဲ့ အားလုံးထက် သာလွန်တဲ့ Software ပေါင်းစပ်မှု အတွေ့အကြုံကို စမတ်ဖုန်းစျေးကွက်အတွင်းမှာ တိုးမြင့်ပေးလာနိုင်တာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခု OPPO Find N ၌ ပါဝင်ထားသည့် Android 13 Beta တွင် Multi-tasking အတွက် ကြီးမားသောမျက်နှာပြင်နှင့် ဘက်စုံ စမတ်ဖုန်း ကြည့်ရှုသည့် အတွေ့အကြုံများအတွက် စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အံဝင်ခွင်ကျဖြစ်စေသော Features များစွာပါဝင်သည်။

ထို့အပြင် မေလ ၁၂ ရက်နေ့ Google I/O ၏ ဒုတိယနေ့အပြီးတွင် OPPO နှင့် Google အင်ဂျင်နီယာများမှ စမတ်ဖုန်းပုံစံအသစ်များ၏ အနာဂတ်နှင့် ပိုမိုကောင်းမွန်သည့် User Experience အတွက် Hardware၊ Software တို့နှင့်အတူ မည်ကဲ့သို့ လုပ်ဆောင်နိုင်သည်ဆိုသည်တို့ကို နက်နက်ရှိုင်းရှိုင်းဆွေးနွေးရန်အတွက် Instagram Live session ကို ပူးတွဲကျင်းပခဲ့သည်ဖြစ်သည်။ Live Session ကို မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီ PST တွင် ကျင်းပခဲ့ပြီး Google မှ Director of UX on Android ဖြစ်သူ Jason Cornwell၊ OPPO ၏ Head of Software Product ဖြစ်သူ Gary Chen၊ နှင့် OPPO ၏ အကြီးတန်း UX ဒီဇိုင်နာ Wenxi Li တို့မှ ပါဝင် ဆွေးနွေးခဲ့ကြသည်။ ထို Live Session ကို Android ၏ Official Instagram အကောင့်တွင် သွားရောက်ကြည့်ရှုနိုင်သည်။

Press Release – OPPO