[Zawgyi]

တ႐ုတ္စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္တဲ့ OPPO ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက Find X ကို ျဖန႔္ခ်ိခဲ့ပါတယ္။ Slider ဒီဇိုင္းနဲ႔ အဆင့္ျမင့္စမတ္ဖုန္းဟာ လူႀကိဳက္မ်ားေအာင္ျမင္ခဲ့သလို ေဈးကြက္ထဲမွာလည္း အျခား Slider စမတ္ဖုန္းမ်ားကို ဦးေဆာင္ႏိုင္ခဲ့တဲ့ အေျခအေနပါ။

အခုအခ်ိန္မွာေတာ့ ကုမၸဏီဟာ ေနာက္ထပ္ Slider ဒီဇိုင္းသစ္နဲ႔ စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒီဇိုင္းသစ္ကေတာ့ Find X နဲ႔ အနည္းငယ္ ကြဲျပားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီဇိုင္းသစ္အတြက္လည္း မူပိုင္ခြင့္ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

Find X တုန္းကေတာ့ ေက်ာဘက္ကင္မရာႏွစ္လုံးနဲ႔ Selfie ကင္မရာတစ္လုံးပါဝင္ခဲ့ပါတယ္။ Find X ရဲ႕ ကင္မရာသုံးလုံးစလုံးဟာ Slider ကေနတစ္ဆင့္ေပၚထြက္လာၾကတာပါ။ အခု OPPO က မူပိုင္ခြင့္တင္ထားတဲ့ ႐ုပ္ပုံေတြမွာေတြ႕ျမင္ရတာကေတာ့ ေက်ာဘက္က ကင္မရာႏွစ္လုံးဟာ Slider ေပၚမွာ မဟုတ္ေတာ့ပါဘူး။ ဖုန္းကိုယ္ထည္ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွာ ရွိေနခဲ့တာပါ။

အေရွ႕ဘက္က Selfie ကင္မရာကေတာ့ ႏွစ္လုံးျဖစ္လာဖြယ္ရွိတာကို ေတြ႕ရပါတယ္။ ဒီကင္မရာႏွစ္လုံးဟာ စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္အေနာက္မွာရွိေနၿပီး Slider နဲ႔အတူ ထြက္ေပၚလာမွာျဖစ္ပါတယ္။ လက္ရွိျမင္ေတြ႕ရတဲ့ ႐ုပ္ပုံေတြမွာေတာ့ Fingerprint ကိုထည့္သြင္းေရးဆြဲထားတာ မေတြ႕ရပါဘူး။ Fingerprint ကေတာ့ ဒီဇိုင္းမူပိုင္ခြင့္နဲ႔ သိပ္ၿပီးမသက္ဆိုင္တာေၾကာင့္ ထည့္သြင္းထားျခင္း မရွိတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ OPPO ရဲ႕ Slider ဖုန္းသစ္မွာ In-display fingerprint ကို ေမွ်ာ္လင့္ႏိုင္တယ္လို႔ပဲ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

Slider ဖုန်းသစ်ဒီဇိုင်းကို မူပိုင်ခွင့်ရခဲ့တဲ့ OPPO

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OPPO ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Find X ကို ဖြန့်ချိခဲ့ပါတယ်။ Slider ဒီဇိုင်းနဲ့ အဆင့်မြင့်စမတ်ဖုန်းဟာ လူကြိုက်များအောင်မြင်ခဲ့သလို ဈေးကွက်ထဲမှာလည်း အခြား Slider စမတ်ဖုန်းများကို ဦးဆောင်နိုင်ခဲ့တဲ့ အခြေအနေပါ။

အခုအချိန်မှာတော့ ကုမ္ပဏီဟာ နောက်ထပ် Slider ဒီဇိုင်းသစ်နဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီဇိုင်းသစ်ကတော့ Find X နဲ့ အနည်းငယ် ကွဲပြားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဇိုင်းသစ်အတွက်လည်း မူပိုင်ခွင့်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Find X တုန်းကတော့ ကျောဘက်ကင်မရာနှစ်လုံးနဲ့ Selfie ကင်မရာတစ်လုံးပါဝင်ခဲ့ပါတယ်။ Find X ရဲ့ ကင်မရာသုံးလုံးစလုံးဟာ Slider ကနေတစ်ဆင့်ပေါ်ထွက်လာကြတာပါ။ အခု OPPO က မူပိုင်ခွင့်တင်ထားတဲ့ ရုပ်ပုံတွေမှာတွေ့မြင်ရတာကတော့ ကျောဘက်က ကင်မရာနှစ်လုံးဟာ Slider ပေါ်မှာ မဟုတ်တော့ပါဘူး။ ဖုန်းကိုယ်ထည်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ ရှိနေခဲ့တာပါ။

အရှေ့ဘက်က Selfie ကင်မရာကတော့ နှစ်လုံးဖြစ်လာဖွယ်ရှိတာကို တွေ့ရပါတယ်။ ဒီကင်မရာနှစ်လုံးဟာ စမတ်ဖုန်းရဲ့ မျက်နှာပြင်အနောက်မှာရှိနေပြီး Slider နဲ့အတူ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ လက်ရှိမြင်တွေ့ရတဲ့ ရုပ်ပုံတွေမှာတော့ Fingerprint ကိုထည့်သွင်းရေးဆွဲထားတာ မတွေ့ရပါဘူး။ Fingerprint ကတော့ ဒီဇိုင်းမူပိုင်ခွင့်နဲ့ သိပ်ပြီးမသက်ဆိုင်တာကြောင့် ထည့်သွင်းထားခြင်း မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် OPPO ရဲ့ Slider ဖုန်းသစ်မှာ In-display fingerprint ကို မျှော်လင့်နိုင်တယ်လို့ပဲ ဆိုရမှာပါ။

Ref: GSMArena