OPPO ဟာ အခုနောက်ပိုင်းမှာ ဆက်တိုက် Foldable ဖုန်းစျေးကွက်ထဲကို Find N Series ဖုန်းတွေနဲ့ ဝင်ရောက်နေပြီဖြစ်ပါတယ်။ မနှစ်တုန်းက OPPO Find N2 အပြင် Flip-type Foldable ဖုန်းဖြစ်တဲ့ Find N2 Flip ကို စျေးကွက်အတွင်းမိတ်ဆက်ခဲ့ပြီး အခုဆို နောက်ထပ် Foldable ဖုန်းတစ်လုံးကိုပါ မိတ်ဆက်သွားတော့မှာပါ။

OPPO ကနေ အသစ်မိတ်ဆက်မယ့် Foldable ဖုန်းက OPPO Find N3 Flip ပဲဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံစျေးကွက်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ OPPO Find N3 Flip နဲ့ ပတ်သက်ပြီး ဓါတ်ပုံတွေပါ ထွက်ရှိလာတာကြောင့် ဘယ်လိုမျိုးပြောင်းလဲမှုတွေရှိမလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

OPPO Find N3 Flip ဖုန်းဟာ အဓိကပြောင်းလဲမှုအနေနဲ့ Camera ပိုင်းမှာ Triple Camera Setup ကို အသုံးပြုထားပြီး Hasselblad နဲ့လည်း ဆက်လက်ပူးပေါင်းထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် OPPO Find N3 Flip က ပထမဆုံးအနေနဲ့ Flip-type Foldable ဖုန်းတွေထဲမှာ Triple Camera ပါဝင်တဲ့ Foldable ဖုန်းဖြစ်လာမှာပါ။

ကျန်တဲ့အပိုင်းတွေကတော့ OPPO Find N3 Flip ဖုန်းက မနှစ်တုန်းက Find N2 Flip လိုမျိုးပဲ Vertical External Display ပါဝင်မှာဖြစ်ပြီး ရွှေရောင်အနေနဲ့ပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ Fingerprint Sensor ကလည်း Power Button မှာ Side Mounted Fingerprint အနေနဲ့ ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။

OPPO က Find N3 Flip ဖုန်းအပြင် OPPO Watch 4 Pro Smartwatch အသစ်ကိုပါ မိတ်ဆက်လာဖွယ်ရှိပြီး ပေါက်ကြားလာတဲ့ဓါတ်ပုံတွေအရ Curved Display အပြင်အရောင် ၂ မျိုးပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena