OPPO ဟာ အခုအချိန်မှာ Navigation အတွက် ပိုပြီးတိကျမှုရှိအောင်ပြုလုပ်ပေးနိုင်တဲ့ RTK (Real-time Kinematic)  နည်းပညာကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ OPPO ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Algorithm အသစ်ဟာ တခြားသော Equipment တွေမလိုအပ်ဘဲ ၁ မီတာအထိ တိကျမှုရရှိနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Navigation ပိုင်းမှာ ၁ မီတာအထိ တိကျမှုရရှိလာမယ်ဆိုတာက Per-lane Navigation ပြုလုပ်မှုတွေအတွက်အဆင်ပြေစေမှာပါ။ အဆိုပါ နည်းပညာအတွက် OPPO ကနေ China Mobile နဲ့ အနီးကပ်ဆောင်ရွက်နေတယ်လို့ သိရတဲ့အတွက် တခြားသောနိုင်ငံတွေမှာပါ ရရှိလာနိုင်မလားဆိုတာကတော့ အတိအကျမသိရှိရသေးပါဘူး။

RTK နည်းပညာဟာ GPS ၊ Cell Tower တွေအပြင် ဖုန်းအတွင်းမှာရှိတဲ့ Accelerometer ၊ Gyroscope နဲ့ Antennas တွေက Information တွေအကုန်လုံးကို အသုံးပြုပြီးတော့ အခုလိုမျိုး ပိုပြီးတိကျမှုရရှိအောင် ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့ ၁ မီတာအထိ တိကျမှုရရှိဖို့အတွက်က Surveillance နဲ့ Mapping တွေအတွက် အသုံးပြုရတဲ့ Professional Equipment တွေနဲ့ပဲ အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OPPO နဲ့ China Mobile ကတော့ အဆိုပါ RTK နည်းပညာအသုံးပြုပြီး ၁ မီတာအထိ တိကျမှုရှိမယ့် Navigation စနစ်ကို လာမယ့်နှစ်မှာ စတင်ပြီး တရုတ်နိုင်ငံအတွင်းမှာ လူတိုင်းအသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမျိုး စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်မလဲဆိုတာနဲ့ Battery စားသုံးမှုမြင့်တက်နိုင်မလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – GSM Arena