[Zawgyi]

PUBG MOBILE ၏ ျမန္မာႏိုင္ငံအတြင္း ပထမဦးဆုံး ၿပိဳင္ပြဲႀကီးျဖစ္သည့္ OPPO | PUBG MOBILE KING OF THE HILL ပြဲကို ယေန႔ ရန္ကုန္ၿမိဳ႕ရွိ Junction Square Promotion Area တြင္ က်င္းပျပဳလုပ္ခဲ့သည္။ အဆိုပါၿပိဳင္ပြဲကို OPPO Myanmar မွ Title Sponsor အျဖစ္ ပါဝင္ကူညီထားသည္။ PUBG MOBILE မွ အဆိုပါၿပိဳင္ပြဲကို ျမန္မာႏိုင္ငံ၏ Esports က႑ ယခုထက္ ပိုမိုဖြံ႕ၿဖိဳး တိုးတက္လာေစရန္ႏွင့္ ျမန္မာ Esports ကစားသမားမ်ားအေနျဖင့္ အေရွ႕ေတာင္အာရွအျပင္ ႏိုင္ငံတကာ အဆင့္ Esports ၿပိဳင္ပြဲမ်ားအထိ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ရန္ ကူညီပံ့ပိုးေပးသည့္ ေျခလွမ္းတစ္ခုအျဖစ္ ရည္႐ြယ္ က်င္းပခဲ့ျခင္းျဖစ္သည္။

OPPO | PUBG MOBILE KING OF THE HILL ဂိမ္းပြဲႀကီးတြင္ ပြဲစဥ္ေပါင္း ၅ ပြဲ တိတိ ပါဝင္ခဲ့ပီး ပြဲစဥ္တစ္ပြဲစီတြင္ ကစားသမား ၆၀ ဦး ပါဝင္ယွဥ္ၿပိဳင္ခြင့္ရခဲ့သည္။ ပါဝင္ယွဥ္ၿပိဳင္သူ ကစားသမားမ်ားသည္ တစ္ဦးခ်င္းစီ “Solo” အေနႏွင့္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး Sanhok ေျမပုံတစ္ခုထဲတြင္သာ TPP Mode ျဖင့္ ယွဥ္ၿပိဳင္ခဲ့ရျခင္းက ဤပြဲႀကီး၏ ထူးျခားခ်က္ျဖစ္သည္။ ပြဲစဥ္တိုင္းတြင္ PUBG MOBILE ႏွင့္ OPPO Myanmar တို႔ ပူးေပါင္းၿပီး ဇူလိုင္လတြင္က်င္းပျပဳလုပ္ခဲ့သည့္ COMMUNITY BATTLEGROUNDS အြန္လိုင္းဂိမ္းၿပိဳင္ပြဲမွ အႏိုင္ရထိပ္ဆုံး အသင္းႏွစ္သင္းမွ ကစားသမား ၈ ေယာက္မွ ပင္တိုင္ပါဝင္ခဲ့ၿပီး ယွဥ္ၿပိဳင္သူ ကစားသမားမ်ား အားလုံးသည္ ထိုဆုရ ကစားသမား ၈ ဦးႏွင့္ ယွဥ္ၿပိဳင္ကစားခြင့္ ရခဲ့သည္။

“အခုအခ်ိန္က ကမာၻတစ္လႊားမွာ Esports ဂိမ္းေတြ ေရပန္းစားေနၿပီး အက်ိဳးအျမတ္ေကာင္း ရႏိုင္တဲ့အခ်ိန္လို႔ ေျပာရမွာပါ။ အထူးသျဖင့္ အေရွ႕ေတာင္အာရွမွာ Esports ဂိမ္းေတြကို ပိုအားေပးကစားၾကၿပီး ျမန္မာႏိုင္ငံမွာ လည္း တကယ္ကို စိတ္အားထက္သန္ၿပီး ေအာင္ျမင္ႏိုင္ေခ် အလားအလာရွိတဲ့ လူငယ္ကစားသမားေတြ အမ်ားႀကီး ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ PUBG MOBILE အေနနဲ႔ ျမန္မာႏိုင္ငံ Esports က႑က ဘယ္သူမဆို (ကစားသမားေတြ၊ အားေပးတဲ့ ပရိတ္သတ္ေတြ၊ မိတ္ဖက္အဖြဲ႕အစည္းေတြ၊ ၿပိဳင္ပြဲစီစဥ္က်င္းပသူေတြ) အားလုံးအတြက္ ေသခ်ာကို စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္တဲ့ ေဂဟစနစ္တစ္ခုကို ဖန္တီးေပးခ်င္ပါတယ္။ ဒီရည္မွန္းခ်က္နဲ႔အတူ စိတ္လႈပ္ရွားစရာေကာင္းတဲ့ အခြင့္အေရးအသစ္ေတြကို အတူတကြ ဖန္တီးသြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” ဟု PUBG MOBILE ၏ Business Development Manager ျဖစ္သူ Aman Kumar က ေျပာၾကားခဲ့သည္။

ပြဲစဥ္တစ္ပြဲစီတြင္ အႏိုင္ရရွိသူ (Chicken Dinner Winner) တစ္ဦးႏွင့္ Kill အမ်ားဆုံးရရွိသူ (Best Kill) တစ္ဦးစီကို ေ႐ြးခ်ယ္ခဲ့ၿပီး အႏိုင္ရရွိသူမ်ားသည္ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ ၁၀၀ စီ ဆုေၾကးရရွိခဲ့သည္။ ထို႔အျပင္ အျခား in-game item မ်ား၊ merchandised ပစၥည္းမ်ားကိုလည္း အမွတ္တရ လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့ၿပီး OPPO booth တြင္လည္း အျခားဂိမ္းမ်ား ကစားခဲ့ၾကသည္။

OPPO | PUBG MOBILE KING OF THE HILL offline ဂိမ္းပြဲႀကီးကို ေအာင္ပိုင္ခ်ိဳ၊ Tomlla ႏွင့္ Power Gaming စသည့္ ျမန္မာႏိုင္ငံမွ နာမည္ႀကီး ထိပ္တန္း game streamer မ်ားလည္း တက္ေရာက္ခဲ့ၿပီး လူငယ္ကစား သမားမ်ား၊ ၾကည့္ရႈအားေပးသူ ပရိတ္သတ္မ်ားျဖင့္လည္း စည္ကားခဲ့သည္။ ယခုၿပိဳင္ပြဲသည္ PUBG MOBILE ၏ ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေသာ ဂိမ္းပြဲျဖစ္ၿပီး ဤကဲ့သို႔ေသာၿပိဳင္ပြဲမ်ားႏွင့္ စိတ္လႈပ္ရွားဖြယ္ အစီအစဥ္မ်ားကို ျမန္မာႏိုင္ငံ အျခားတိုင္းႏွင့္ ျပည္နယ္မ်ားတြင္လည္း ဆက္လက္က်င္းပသြားရန္ အစီအစဥ္ရွိေၾကာင္း Aman Kumar မွဆက္လက္ ေျပာၾကားခဲ့သည္။

ၿပိဳင္ပြဲႏွင့္ ပတ္သက္ၿပီး အေသးစိတ္ သတင္းအခ်က္အလက္မ်ားကို PUBG MOBILE ၏ ျမန္မာႏိုင္ငံ Official Facebook Page www.fb.com/PUBGMOBILE.MM.OFFICIAL ႏွင့္ OPPO Myanmar Facebook Page https://www.facebook.com/oppomyanmar/ တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

[Unicode]

OPPO | PUBG MOBILE KING OF THE HILL ဂိမ်းပွဲကြီးတွင် ကစားသမား ၁၀ ဦးအနိုင်ရရှိ

PUBG MOBILE ၏ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး ပြိုင်ပွဲကြီးဖြစ်သည့် OPPO | PUBG MOBILE KING OF THE HILL ပွဲကို ယနေ့ ရန်ကုန်မြို့ရှိ Junction Square Promotion Area တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို OPPO Myanmar မှ Title Sponsor အဖြစ် ပါဝင်ကူညီထားသည်။ PUBG MOBILE မှ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မြန်မာ Esports ကစားသမားများအနေဖြင့် အရှေ့တောင်အာရှအပြင် နိုင်ငံတကာ အဆင့် Esports ပြိုင်ပွဲများအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးသည့် ခြေလှမ်းတစ်ခုအဖြစ် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်သည်။

OPPO | PUBG MOBILE KING OF THE HILL ဂိမ်းပွဲကြီးတွင် ပွဲစဉ်ပေါင်း ၅ ပွဲ တိတိ ပါဝင်ခဲ့ပီး ပွဲစဉ်တစ်ပွဲစီတွင် ကစားသမား ၆၀ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သူ ကစားသမားများသည် တစ်ဦးချင်းစီ “Solo” အနေနှင့် ယှဉ်ပြိုင်ခဲ့ကြပြီး Sanhok မြေပုံတစ်ခုထဲတွင်သာ TPP Mode ဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်းက ဤပွဲကြီး၏ ထူးခြားချက်ဖြစ်သည်။ ပွဲစဉ်တိုင်းတွင် PUBG MOBILE နှင့် OPPO Myanmar တို့ ပူးပေါင်းပြီး ဇူလိုင်လတွင်ကျင်းပပြုလုပ်ခဲ့သည့် COMMUNITY BATTLEGROUNDS အွန်လိုင်းဂိမ်းပြိုင်ပွဲမှ အနိုင်ရထိပ်ဆုံး အသင်းနှစ်သင်းမှ ကစားသမား ၈ ယောက်မှ ပင်တိုင်ပါဝင်ခဲ့ပြီး ယှဉ်ပြိုင်သူ ကစားသမားများ အားလုံးသည် ထိုဆုရ ကစားသမား ၈ ဦးနှင့် ယှဉ်ပြိုင်ကစားခွင့် ရခဲ့သည်။

“အခုအချိန်က ကမ္ဘာတစ်လွှားမှာ Esports ဂိမ်းတွေ ရေပန်းစားနေပြီး အကျိုးအမြတ်ကောင်း ရနိုင်တဲ့အချိန်လို့ ပြောရမှာပါ။ အထူးသဖြင့် အရှေ့တောင်အာရှမှာ Esports ဂိမ်းတွေကို ပိုအားပေးကစားကြပြီး မြန်မာနိုင်ငံမှာ လည်း တကယ်ကို စိတ်အားထက်သန်ပြီး အောင်မြင်နိုင်ချေ အလားအလာရှိတဲ့ လူငယ်ကစားသမားတွေ အများကြီး ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့ PUBG MOBILE အနေနဲ့ မြန်မာနိုင်ငံ Esports ကဏ္ဍက ဘယ်သူမဆို (ကစားသမားတွေ၊ အားပေးတဲ့ ပရိတ်သတ်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြိုင်ပွဲစီစဉ်ကျင်းပသူတွေ) အားလုံးအတွက် သေချာကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်တဲ့ ဂေဟစနစ်တစ်ခုကို ဖန်တီးပေးချင်ပါတယ်။ ဒီရည်မှန်းချက်နဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အရေးအသစ်တွေကို အတူတကွ ဖန်တီးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု PUBG MOBILE ၏ Business Development Manager ဖြစ်သူ Aman Kumar က ပြောကြားခဲ့သည်။

ပွဲစဉ်တစ်ပွဲစီတွင် အနိုင်ရရှိသူ (Chicken Dinner Winner) တစ်ဦးနှင့် Kill အများဆုံးရရှိသူ (Best Kill) တစ်ဦးစီကို ရွေးချယ်ခဲ့ပြီး အနိုင်ရရှိသူများသည် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ ဆုကြေးရရှိခဲ့သည်။ ထို့အပြင် အခြား in-game item များ၊ merchandised ပစ္စည်းများကိုလည်း အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး OPPO booth တွင်လည်း အခြားဂိမ်းများ ကစားခဲ့ကြသည်။

OPPO | PUBG MOBILE KING OF THE HILL offline ဂိမ်းပွဲကြီးကို အောင်ပိုင်ချို၊ Tomlla နှင့် Power Gaming စသည့် မြန်မာနိုင်ငံမှ နာမည်ကြီး ထိပ်တန်း game streamer များလည်း တက်ရောက်ခဲ့ပြီး လူငယ်ကစား သမားများ၊ ကြည့်ရှုအားပေးသူ ပရိတ်သတ်များဖြင့်လည်း စည်ကားခဲ့သည်။ ယခုပြိုင်ပွဲသည် PUBG MOBILE ၏ မြန်မာနိုင်ငံအတွက် ပထမဆုံးသော ဂိမ်းပွဲဖြစ်ပြီး ဤကဲ့သို့သောပြိုင်ပွဲများနှင့် စိတ်လှုပ်ရှားဖွယ် အစီအစဉ်များကို မြန်မာနိုင်ငံ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း Aman Kumar မှဆက်လက် ပြောကြားခဲ့သည်။

ပြိုင်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက်များကို PUBG MOBILE ၏ မြန်မာနိုင်ငံ Official Facebook Page www.fb.com/PUBGMOBILE.MM.OFFICIAL နှင့် OPPO Myanmar Facebook Page https://www.facebook.com/oppomyanmar/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။