Unicode

OPPO ဟာ လက်ရှိမှာ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ နာမည်ရရှိပြီးဖြစ်တဲ့ စမတ်ဖုန်းကုမွဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကြည့်ရတာ OPPO ကနေ စမတ်ဖုန်းအပြင် တခြားသော Product အသစ်တွေကိုပါ မိတ်ဆက်ဖို့ စိတ်ကူးနေတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ OPPO ရဲ့ Conference တစ်ခုမှာ “Integrating the Ecological and Intelligent Future” ဆိုတဲ့ Theme နဲ့ ပြုလုပ်သွားခဲ့တဲ့အတွက် စမတ်ဖုန်းအပြင် Ecosystem တစ်ခုအနေနဲ့ Product အသစ်တွေကို မိတ်ဆက်လာဖို့ စီစဥ်နေတယ်လို့ ယူဆရပါတယ်။

OPPO ကနေ စမတ်ဖုန်းတွေ၊ Wearable Product တွေကို ရောင်းချနေပေမယ့် ထွက်ပေါ်လာတဲ့သတင်းတွေအရ Smart TV အသစ်ကို မိတ်ဆက်လာဖို့ရှိနေတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ဒီ Smart TV နဲ့ ပတ်သတ်တဲ့ သတင်းတွေကို မသိရှိရသေးပေမယ့် OPPO TV ဆိုတဲ့ နာမည်နဲ့ပဲ စျေးကွက်ထဲဝင်ရောက်လာနိုင်ပါတယ်။

ဒါက OPPO အနေနဲ့ လက်ရှိ TV စျေးကွက်ကို ဝင်ရောက်ထားပြီးဖြစ်တဲ့ Xiaomi ၊ Huawei ၊ Honor ၊ Motorola နဲ့ OnePlus တို့နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပြီးတော့ TV စျေးကွက်က စမတ်ဖုန်းစျေးကွက်ပြီး နောက်ထပ် ပြိုင်ဆိုင်စရာနေရာတစ်ခုဖြစ်လာနိုင်ပါတယ်။

Xiaomi ကတော့ ဒီနှစ်အတွက် တရုတ်နိုင်ငံမှာ Mi TV ပေါင်း ၁၀ သန်းကျော် ရောင်းချရထားပြီးပြီလို့ ကြေညာထားခဲ့ပြီး ရောင်းအားအကောင်းဆုံးနေရာကို ရယူထားတာဖြစ်ပါတယ်။ အိန္ဒိယစျေးကွက်မှာလည်း Xiaomi ကပဲ စျေးကွက်ရဲ့ ၃၃ ရာခိုင်နှုန်းနဲ့ ပထမနေရာ ၊ Samsung က စျေးကွက် ၁၄ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ LG က စျေးကွက် ၁၃ ရာခိုင်နှုန်းနဲ့ တတိယနေရာ အသီးသီးရယူထားတဲ့အတွက် OPPO အနေနဲ့ TV စျေးကွက်ကို ဝင်ရောက်မယ်ဆိုရင်လည်း သေချာကို ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China

Zawgyi

OPPO ဟာ လက္ရွိမွာ တ႐ုတ္ႏိုင္ငံအပါအဝင္ ႏိုင္ငံအမ်ားအျပားမွာ နာမည္ရရွိၿပီးျဖစ္တဲ့ စမတ္ဖုန္းကုမြဏီတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ၾကည့္ရတာ OPPO ကေန စမတ္ဖုန္းအျပင္ တျခားေသာ Product အသစ္ေတြကိုပါ မိတ္ဆက္ဖို႔ စိတ္ကူးေနတဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ မၾကာေသးခင္ကမွ ျပဳလုပ္ခဲ့တဲ့ OPPO ရဲ႕ Conference တစ္ခုမွာ “Integrating the Ecological and Intelligent Future” ဆိုတဲ့ Theme နဲ႔ ျပဳလုပ္သြားခဲ့တဲ့အတြက္ စမတ္ဖုန္းအျပင္ Ecosystem တစ္ခုအေနနဲ႔ Product အသစ္ေတြကို မိတ္ဆက္လာဖို႔ စီစဥ္ေနတယ္လို႔ ယူဆရပါတယ္။

OPPO ကေန စမတ္ဖုန္းေတြ၊ Wearable Product ေတြကို ေရာင္းခ်ေနေပမယ့္ ထြက္ေပၚလာတဲ့သတင္းေတြအရ Smart TV အသစ္ကို မိတ္ဆက္လာဖို႔ရွိေနတယ္လို႔ သိရပါတယ္။ အခုအခ်ိန္မွာေတာ့ ဒီ Smart TV နဲ႔ ပတ္သတ္တဲ့ သတင္းေတြကို မသိရွိရေသးေပမယ့္ OPPO TV ဆိုတဲ့ နာမည္နဲ႔ပဲ ေစ်းကြက္ထဲဝင္ေရာက္လာႏိုင္ပါတယ္။

ဒါက OPPO အေနနဲ႔ လက္ရွိ TV ေစ်းကြက္ကို ဝင္ေရာက္ထားၿပီးျဖစ္တဲ့ Xiaomi ၊ Huawei ၊ Honor ၊ Motorola နဲ႔ OnePlus တို႔နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီးေတာ့ TV ေစ်းကြက္က စမတ္ဖုန္းေစ်းကြက္ၿပီး ေနာက္ထပ္ ၿပိဳင္ဆိုင္စရာေနရာတစ္ခုျဖစ္လာႏိုင္ပါတယ္။

Xiaomi ကေတာ့ ဒီႏွစ္အတြက္ တ႐ုတ္ႏိုင္ငံမွာ Mi TV ေပါင္း ၁၀ သန္းေက်ာ္ ေရာင္းခ်ရထားၿပီးၿပီလို႔ ေၾကညာထားခဲ့ၿပီး ေရာင္းအားအေကာင္းဆုံးေနရာကုိ ရယူထားတာျဖစ္ပါတယ္။ အိႏၵိယေစ်းကြက္မွာလည္း Xiaomi ကပဲ ေစ်းကြက္ရဲ႕ ၃၃ ရာခိုင္ႏႈန္းနဲ႔ ပထမေနရာ ၊ Samsung က ေစ်းကြက္ ၁၄ ရာခိုင္ႏႈန္းနဲ႔ ဒုတိယ၊ LG က ေစ်းကြက္ ၁၃ ရာခိုင္ႏႈန္းနဲ႔ တတိယေနရာ အသီးသီးရယူထားတဲ့အတြက္ OPPO အေနနဲ႔ TV ေစ်းကြက္ကို ဝင္ေရာက္မယ္ဆိုရင္လည္း ေသခ်ာကို ယွဥ္ၿပိဳင္ရဖြယ္ရွိေနပါတယ္။

Ref – Gizmo China