OPPO Pad Air 2 ကို တရုတ်မှာ ဇူလိုင်လက မှတ်ပုံတင်ထားပြီး Find N3 Flip နဲ့အတူ ကြေညာမယ်လို့ အဲဒီအချိန်တုန်းက သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် Find N3 Flip နဲ့ Find N3 ကို အောက်တိုဘာလက တရုတ်မှာ ကြေညာခဲ့ပြီး OPPO Pad Air 2 မပါလာခဲ့ပါဘူး။ အခုတော့ အဲဒီ တက်ဘလက်ကို Reno 11 Series စမတ်ဖုန်းတွေနဲ့အတူ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Oppo Pad Air 10.36"IPS 4/128GB 8MP Snapdragon 680 7100mAh Wi-Fi Tablet By FedEx | eBay

OPPO ဟာ Reno 11 Series ကို ဒီလ ၂၃ ရက်နေ့ တရုတ်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် OPPO ကတော့ အဲဒီသတင်းကို အတည်မပြုသေးပါဘူး။ Digital Chat Station က Pad Air 2 ကို Reno 11 Series နဲ့အတူ ကြေညာမယ်လို့ ပြောပါတယ်။

အောက်တိုဘာလမှာ OnePlus ဟာ နိုင်ငံတကာမှာ OnePlus Pad Go ကို ကြေညာခဲ့ပါတယ်။ OnePlus Pad Go ကို တရုတ်မှာ OPPO Pad Air 2 အမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

OnePlus Pad Go

ပေါက်ကြားသတင်းအရ OPPO Pad Air 2 မှာ 11.35” 2.8K မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Helio G99 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM, 128GB/256GB Storage ပါလာမှာပါ။ 33W Fast Charging ထောက်ပံ့တဲ့ 8,000mAh Battery တပ်ဆင်ထားမှာ ဖြစ်ပြီး Android 13 အခြေပြု ColorOS 13.2 မောင်းနှင်ထားမှာပါ။ 8MP အရှေ့ ကင်မရာနဲ့ 8MP အနောက်ကင်မရာ ပါလာမှာပါ။

Ref : gizmochina