OPPO က မလေးရှားမှာ Pad Neo တက်ဘလက်ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ ထိုင်ဝမ် ဝက်ဘ်ဆိုက်မှာလည်း စာရင်းတင်ထားပါတယ်။ Pad Neo အတွက် WiFi နဲ့ LTE Version တွေ ထုတ်လုပ်ထားပြီး WiFi အတွက် 6/128GB နဲ့ LTE အတွက် 8/128GB ထည့်သွင်းထားပါတယ်။ မလေးရှား ရင်းဂစ် ၁,၂၀၀ နဲ့ ၁,၄၀၀ အသီးသီး သတ်မှတ်ထားပါတယ်။

Oppo Pad Neo launches in Malaysia, an affordable 11.35" tablet with optional LTE - GSMArena.com news

OPPO Pad Neo မှာ 10.35” LCD 2408x1720p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ စပီကာ ၄ လုံး ပါလာပြီး 8MP အရှေ့ ကင်မရာနဲ့ 8MP အနောက်ကင်မရာ တပ်ဆင်ထားပါတယ်။

Helio G99 Chipset မောင်းနှင်ထားပြီး 33W SuperVOOC Charging ထောက်ပံ့တဲ့ 8,000mAh Battery ပါပါတယ်။ OPPO ရဲ့ ColorOS 13.2 ထည့်သွင်းထားပါတယ်။

Oppo Pad Neo launches in Malaysia, an affordable 11.35'' tablet with optional LTE

OPPO ရဲ့ မလေးရှား ဝက်ဘ်ဆိုက်မှာ Buy Now Button ထည့်သွင်းထားပေမယ့် တကယ်ဝယ်ယူလို့ မရသေးပါဘူး။ OPPO က မကြာခင်မှာ ဒီကိစ္စကို အကောင်အထည် ဖော်ပေးမှာ သေချာပါတယ်။ ထိုင်ဝမ် ဝက်ဘ်ဆိုက်မှာတော့ အဲဒီ တက်ဘလက်ကို မရောင်းသေးပါဘူး။

လွန်ခဲ့တဲ့ လအနည်းငယ်က OnePlus ဟာ တန်ဖိုးနည်း OnePlus Pad Go ကို အိန္ဒိယမှာ ရောင်းချခဲ့ပါတယ်။ ၁ လ အကြာမှာ OPPO က တရုတ်မှာ Pad Air2 ကို ရောင်းချခဲ့ပြီး နာမည်မတူတာကလွဲကာ အဲဒီ တက်ဘလက် ၂ လုံးဟာ Specs တွေတူညီကြပါတယ်။ အခုတော့ OPPO က တန်ဖိုးနည်း Pad Neo တက်ဘလက် အသစ်ကို ကြေညာလိုက်တာပါ။

Ref : gsmarena