Zawgyi
Ref – Gizmo China
Unicode
OPPO ကနေ အခုအချိန်မှာ e-Sport ပိုင်းတွေကို ဆက်တိုက်ပူးပေါင်းမှုတွေပြုလုပ်လာပြီးတော့ အခုလည်း နောက်ထပ် e-Sport ပိုင်းမှာ အကြီးစားပူးပေါင်းမှုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ လက်ရှိမှာ နာမည်ကြီး Game တစ်ခုတစ်ခုဖြစ်တဲ့ League of Legends နဲ့ ပူးပေါင်းလိုက်တာပါ။
OPPO ဟာ League of Legends အတွက် Official Smartphone Partner အနေနဲ့ ယခု ၂၀၁၉ ခုနှစ်ကနေ စတင်လာမှာဖြစ်ပြီးတော့ လာမယ့် ၂၀၂၄ ခုနှစ်အထိ ဆက်လက် Support ပြုလုပ်သွားမယ်လို့သိရပါတယ်။ အဲ့ဒီအတွက် OPPO ဟာ League of Legends ပြိုင်ပွဲတွေဖြစ်တဲ့ Mid-Season Invitational ၊ The All-Star Event နဲ့ The World Championship တွေကို Sponsor ပြုလုပ်မှာဖြစ်ပါတယ်။
အခုလို ပူးပေါင်းမှုဟာ OPPO အတွက် ပထမဆုံးသော e-Sport ပူးပေါင်းမှုဖြစ်လာမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ League of Legends ဟာ Mastercard ၊ Alienware နဲ့ Louis Vuitton တို့က Sponsor ပြုလုပ်နေတာဖြစ်ပါတယ်။
OPPO ဟာ ယခင်တုန်းကတော့ Football Club တစ်ခုဖြစ်တဲ့ FC Barcelona လိုမျိုး အသင်းတွေကိုပါ Sponsor ပြုလုပ်ဖူးခဲ့ပြီးတော့ FC Barcelona Edition ဖုန်းတွေကိုပါ ထုတ်ပေးခဲ့ဖူးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ League of Legends Edition လိုမျိုး ဖုန်းအသစ်တွေပါ ထွက်ရှိနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုပူးပေါင်းမှုက OPPO အတွက် နောက်ပိုင်းမှာသိသိသာသာ Gaming ပိုင်းကို အာရုံစိုက်လာတော့မယ့်ပုံစံပါပဲ။
Ref – Gizmo China