ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ Vivo ကုမ္ပဏီက Slider ဒီဇိုင်းနဲ့ စမတ်ဖုန်းတစ်လုံးကို မူပိုင်ခွင့်တင်တာ တွေ့ခဲ့ရပြီး ယနေ့မှာတော့ Oppo ကုမ္ပဏီကပါ Physical QWERTY ကီးဘုတ်တစ်ခုပါမယ့် စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်လျှောက်လာခဲ့ပါတယ်။

စမတ်ဖုန်းမှာ Physical Keyboard နဲ့တွဲပြီးမမြင်ရတာ တော်တော်ကြာခဲ့ပြီဖြစ်ပြီး နောက်ဆုံးထွက်ခဲ့တာ BlackBerry Key 2 နဲ့ Key 2 LE တို့ပါ။ တကယ်လို့သာ အခုဒီဇိုင်းအတိုင်း ထွက်လာခဲ့ရင် လက်ရှိနည်းပညာနဲ့ Physical Keyboard ပါတဲ့ စမတ်ဖုန်းကို Oppo အမှတ်တံဆိပ်နဲ့ ပြန်မြင်တွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။

LG ရဲ့ Dual-screen Case တွေပုံစံနဲ့ ဆင်တူပေမယ့် အခုဒီဇိုင်းမှာတော့ ပတ္တာတစ်ခုနဲ့ တစ်ပါတည်း ထည့်သွင်းထားတာဖြစ်ပါတယ်။ Galaxy Note 5 တုန်းကလည်း အလားတူ Accessory မျိုးပါခဲ့ဖူးပေမယ့် Case အနေနဲ့ မဟုတ်ဘဲ Display ပေါ်မှာ အသုံးပြုဖို့ဖြစ်ပါတယ်။

QWERTY ကီးဘုတ်တွေဟာ စမတ်ဖုန်းပေါ်မှာ စာရိုက်ရတာသေးသလောက် နေရာယူတတ်လို့ အခုနောက်ပိုင်း ဒီဇိုင်းတွေမှာ ပျောက်ကွယ်လာတာပါ။ ဒါပေမယ့် Oppo က လက်ရှိစမတ်ဖုန်းဈေးကွက် Trend နဲ့ ကိုက်ညီမယ့် ပုံစံကို ဖန်တီးလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GizmoChina