Zawgyi

ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕၊ ဒီဇင္ဘာလ (၃) ရက္။ ။ OPPO R စီးရီးသည္ စမတ္ဖုန္းေလာကသို႔ ထိပ္တန္းဒီဇိုင္းႏွင့္ အေကာင္းဆုံးဓာတ္ပုံ႐ိုက္ကူးမႈအေတြ႕အႀကဳံမ်ား သယ္ေဆာင္လာေပးျခင္းျဖင့္ ကမာၻ႔လူႀကိဳက္အမ်ားဆုံး ဖုန္းစီးရီး တစ္ခုအျဖစ္ ခံ့ခံ့ထည္ထည္ ရပ္တည္လ်က္ရွိသည္။

Counterpoint ႏွင့္ Strategy Analytics ကဲ့သို႔ေသာ ေဈးကြက္ သုေတသနကုမၸဏီမ်ား၏ ေလ့လာစမ္းစစ္ခ်က္မ်ားအရ OPPO R9 သည္ (၂၀၁၆) ခုႏွစ္၏ ကမာၻ႔ေရာင္းအားအေကာင္းဆုံး စမတ္ဖုန္းအမ်ိဳးအစား တစ္ခုျဖစ္ခဲ့ၿပီး OPPO R9s သည္ (၂၀၁၇) ပထမသုံးလပတ္ကာလအတြင္း စမတ္ဖုန္းအလုံးေရ (၈.၉) သန္းေက်ာ္ တင္ပို႔ခဲ့သည္။ ထို႔အျပင္ OPPO R11 သည္ (၂၀၁၇) ခုႏွစ္၏ ေရာင္းအားအေကာင္းဆုံး Android ဖုန္းျဖစ္ခဲ့ၿပီး R15 စမတ္ဖုန္းသည္ (၂၀၁၈) ဒုတိယသုံးလပတ္ကာလတြင္ တ႐ုတ္ႏိုင္ငံ၌ လူႀကိဳက္အမ်ားဆုံးစမတ္ဖုန္းျဖစ္ခဲ့သည္။

ကမာၻတစ္ဝန္းရွိ လူငယ္ သန္း (၂၀၀) ေက်ာ္က OPPO စမတ္ဖုန္းမ်ားကို ႀကိဳက္ႏွစ္သက္ၾကရာ OPPO Myanmar မွ ျပည္တြင္းပရိသတ္မ်ားအႀကိဳက္ေတြ႕ေစမည့္ ဖက္ရွင္က်လွပၿပီး အဆင့္ျမင့္နည္းပညာသုံး R စီးရီးစမတ္ဖုန္းသစ္ျဖစ္သည့္ R17 Pro ကို ေဈးကြက္တြင္ တရားဝင္မိတ္ဆက္ေပးသြားမည္ျဖစ္သည္။

OPPO R17 Pro

OPPO R17 Pro သည္ ေရမ်က္ႏွာျပင္မွအလင္းျပန္သည့္အေရာင္ကိုယူ၍ ေခတ္ဆန္ေၾကာ့ေမာ့ၿပီး ၾကည္ႏူးစရာေကာင္းကာ အားအင္အျပည့္ရွိသည့္ဟန္ျဖင့္ ဖန္တီးထားေသာ ေနာက္ဆုံးေပၚ R စီးရီး High-end စမတ္ဖုန္းျဖစ္သည္။ ကင္မရာဖုန္းမ်ား ၏ ေရွ႕ေဆာင္ျဖစ္ေသာ OPPO သည္ Seize the Night အမည္ျဖင့္ R17 Pro တြင္ Selfie ပုံလွလွမ်ား႐ိုက္ကူးႏိုင္မည့္ 25MP F2.0 AI Beauty ေရွ႕ဘက္ကင္မရာႏွင့္ ညဘက္တြင္လည္း အရည္အေသြးေကာင္းမြန္ၿပီး လွပေသာဓာတ္ပုံမ်ား ႐ိုက္ကူးႏိုင္မည့္ F1.5/F2.4 Smart Aperture OIS ပါ Ultra Night Mode၊ Portrait Mode မ်ား ပါဝင္သည့္ ေက်ာဘက္ကင္မရာ ၃လုံး ထည့္သြင္းေပးထားသည္။

၁၀ မိနစ္အားသြင္း႐ုံျဖင့္ ၄၀% အားျပည့္သည့္ 50W Super VOOC အျမန္အားသြင္း စနစ္တြင္ ျမန္ဆန္ၿပီး လုံၿခဳံမႈရွိသည့္ဘက္ထရီ ၂ ခု လည္း ပူးတြဲပါရွိမည္ျဖစ္သည္။ R17 Pro ကို ပိုမိုဆန္းသစ္၍ လြယ္ကူ အဆင္ေျပေသာ မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္၊ OPPO မွ ပထမဆုံးထုတ္လုပ္သည့္ Corning Gorilla Glass 6 ျဖင့္ အကာအကြယ္ေပးထားေသာ ၆.၄ လက္မ အက်ယ္ရွိ AMOLED ေရစက္ပုံစံမ်က္ႏွာျပင္ဒီဇိုင္းႏွင့္ တစ္မူထူးျခားေသာ 3D ျမဴပုံစံအေရာင္ေျပးကိုယ္ထည္ဒီဇိုင္းတို႔ျဖင့္ ဖန္တီးထားသည္။ စမတ္ဖုန္းစြမ္းေဆာင္ရည္ကို အေကာင္းဆုံးပံ့ပိုးေပးမည့္ 8GB RAM ႏွင့္ 128GB ROM Memory ႏွင့္အတူ Qualcomm Snapdragon 710 CPU ပါဝင္သည့္ OPPO R17 Pro ကို OPPO Myanmar မွ ျမန္မာျပည္တြင္းေဈးကြက္တြင္ မၾကာမီ ေရာင္းခ်ေပးမည္ျဖစ္သည္။

Unicode

ခေတ်မီဒီဇိုင်းဆန်းနှင့် နောက်ဆုံးပေါ်နည်းပညာသုံး OPPO R17 Pro ကို ပြည်တွင်းတွင် ရောင်းချမည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒီဇင်ဘာလ (၃) ရက်။ ။ OPPO R စီးရီးသည် စမတ်ဖုန်းလောကသို့ ထိပ်တန်းဒီဇိုင်းနှင့် အကောင်းဆုံးဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများ သယ်ဆောင်လာပေးခြင်းဖြင့် ကမ္ဘာ့လူကြိုက်အများဆုံး ဖုန်းစီးရီး တစ်ခုအဖြစ် ခံ့ခံ့ထည်ထည် ရပ်တည်လျက်ရှိသည်။

Counterpoint နှင့် Strategy Analytics ကဲ့သို့သော ဈေးကွက် သုတေသနကုမ္ပဏီများ၏ လေ့လာစမ်းစစ်ချက်များအရ OPPO R9 သည် (၂၀၁၆) ခုနှစ်၏ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအမျိုးအစား တစ်ခုဖြစ်ခဲ့ပြီး OPPO R9s သည် (၂၀၁၇) ပထမသုံးလပတ်ကာလအတွင်း စမတ်ဖုန်းအလုံးရေ (၈.၉) သန်းကျော် တင်ပို့ခဲ့သည်။ ထို့အပြင် OPPO R11 သည် (၂၀၁၇) ခုနှစ်၏ ရောင်းအားအကောင်းဆုံး Android ဖုန်းဖြစ်ခဲ့ပြီး R15 စမတ်ဖုန်းသည် (၂၀၁၈) ဒုတိယသုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၌ လူကြိုက်အများဆုံးစမတ်ဖုန်းဖြစ်ခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ လူငယ် သန်း (၂၀၀) ကျော်က OPPO စမတ်ဖုန်းများကို ကြိုက်နှစ်သက်ကြရာ OPPO Myanmar မှ ပြည်တွင်းပရိသတ်များအကြိုက်တွေ့စေမည့် ဖက်ရှင်ကျလှပပြီး အဆင့်မြင့်နည်းပညာသုံး R စီးရီးစမတ်ဖုန်းသစ်ဖြစ်သည့် R17 Pro ကို ဈေးကွက်တွင် တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

OPPO R17 Pro

OPPO R17 Pro သည် ရေမျက်နှာပြင်မှအလင်းပြန်သည့်အရောင်ကိုယူ၍ ခေတ်ဆန်ကြော့မော့ပြီး ကြည်နူးစရာကောင်းကာ အားအင်အပြည့်ရှိသည့်ဟန်ဖြင့် ဖန်တီးထားသော နောက်ဆုံးပေါ် R စီးရီး High-end စမတ်ဖုန်းဖြစ်သည်။ ကင်မရာဖုန်းများ ၏ ရှေ့ဆောင်ဖြစ်သော OPPO သည် Seize the Night အမည်ဖြင့် R17 Pro တွင် Selfie ပုံလှလှများရိုက်ကူးနိုင်မည့် 25MP F2.0 AI Beauty ရှေ့ဘက်ကင်မရာနှင့် ညဘက်တွင်လည်း အရည်အသွေးကောင်းမွန်ပြီး လှပသောဓာတ်ပုံများ ရိုက်ကူးနိုင်မည့် F1.5/F2.4 Smart Aperture OIS ပါ Ultra Night Mode၊ Portrait Mode များ ပါဝင်သည့် ကျောဘက်ကင်မရာ ၃လုံး ထည့်သွင်းပေးထားသည်။

၁၀ မိနစ်အားသွင်းရုံဖြင့် ၄၀% အားပြည့်သည့် 50W Super VOOC အမြန်အားသွင်း စနစ်တွင် မြန်ဆန်ပြီး လုံခြုံမှုရှိသည့်ဘက်ထရီ ၂ ခု လည်း ပူးတွဲပါရှိမည်ဖြစ်သည်။ R17 Pro ကို ပိုမိုဆန်းသစ်၍ လွယ်ကူ အဆင်ပြေသော မျက်နှာပြင်အောက်လက်ဗွေစနစ်၊ OPPO မှ ပထမဆုံးထုတ်လုပ်သည့် Corning Gorilla Glass 6 ဖြင့် အကာအကွယ်ပေးထားသော ၆.၄ လက်မ အကျယ်ရှိ AMOLED ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနှင့် တစ်မူထူးခြားသော 3D မြူပုံစံအရောင်ပြေးကိုယ်ထည်ဒီဇိုင်းတို့ဖြင့် ဖန်တီးထားသည်။ စမတ်ဖုန်းစွမ်းဆောင်ရည်ကို အကောင်းဆုံးပံ့ပိုးပေးမည့် 8GB RAM နှင့် 128GB ROM memory နှင့်အတူ Qualcomm Snapdragon 710 CPU ပါဝင်သည့် OPPO R17 Pro ကို OPPO Myanmar မှ မြန်မာပြည်တွင်းဈေးကွက်တွင် မကြာမီ ရောင်းချပေးမည်ဖြစ်သည်။