Zawgyi

Oppo ဟာ သူတုိ႔ရဲ႕ ၂၀၁၉ အတြက္ ေနာက္ဆုံးလက္နက္လို႔ ဆုိႏုိင္မယ့္ Oppo Reno 3 ကို လာမယ့္ ဒီဇင္ဘာမွာ မိတ္ဆက္သြားေတာ့မွာပါ။ သူတုိ႔ဟာ ColorOS 7 စက္ႏွင္စနစ္အသစ္ကိုလည္း ႏိုဝင္ဘာ ၂၀ ရက္ေန႔မွာ ထုတ္ေဖာ္ျပသခဲ့ၿပီး Reno 3 ဟာ ColorOS 7 တစ္ပါတည္းပါလာမယ့္ ပထမဆုံးဖုန္းျဖစ္တယ္လို႔လည္း အတည္ျပဳခဲ့ပါတယ္။

Oppo နဲ႔ Qualcomm တုိ႔ဟာ ဒီဇင္ဘာလအတြင္း Dual-mode 5G စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္သြားမယ္လို႔ ေျပာဆုိထားတာေၾကာင့္ Reno 3 ဟာ ဒီအခ်က္အလက္ေတြနဲ႔လည္း တုိက္ဆုိင္ေနတာပါ။ ယေန႔မွာ Oppo Reno 3 5G ဖုန္းရဲ႕ Screenshot တစ္ခုလို႔ဆုိတဲ့ ပုံတစ္ပုံကို ျမင္ေတြ႕ခဲ့ရၿပီး သူ႕မွာေဖာ္ျပထားတဲ့အတုိင္းဆုိရင္ Reno 3 5G ဟာ Reno2 စီးရီးလို Pop-up Selfie ကင္မရာနဲ႔မဟုတ္ဘဲ Punch-hole ကုိအသုံးျပဳလာမွာပါ။

အထက္မွာျမင္ရတဲ့ ပုံထဲမွာေတာ့ Oppo Reno 3 5G ဖုန္းရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာ ေန႔စြဲရဲ႕ေဘးနားက လြတ္ေနတဲ့ ေနရာေလးကို ေတြ႕ရမွာပါ။ Punch-hole ကင္မရာေတြကို ဖုန္းရဲ႕အေပၚဘက္ေထာင့္ဆုံးတစ္ေနရာမွာသာ ထည့္သြင္းေလ့ရွိၾကတာေၾကာင့္ ဒါဟာ Selfie ကင္မရာအတြက္ ခ်န္ထားတဲ့ Cut လို႔ ယူဆရပါတယ္။

ဒီ Screenshot ထဲမွာပဲ Reno 3 မွာပါဝင္မယ့္ SIM Slot ႏွစ္ခုစလုံးဟာ 5G SIM ေတြကို လက္ခံႏုိင္စြမ္းရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ Oppo ဟာ အျခားအမွတ္တံဆိပ္ေတြလို Punch-hole Display နဲ႔ ဖုန္းေတြကို မထုတ္လုပ္ဖူးတာေၾကာင့္ တကယ္သာဆုိရင္ေတာ့ Reno 3 ဟာ Punch-hole ပါဝင္လာမယ့္ ပထမဆုံး Oppo ဖုန္းျဖစ္လာမွာပါ။

Ref – Gizmo China

Unicode

Oppo ဟာ သူတို့ရဲ့ ၂၀၁၉ အတွက် နောက်ဆုံးလက်နက်လို့ ဆိုနိုင်မယ့် Oppo Reno 3 ကို လာမယ့် ဒီဇင်ဘာမှာ မိတ်ဆက်သွားတော့မှာပါ။ သူတို့ဟာ ColorOS 7 စက်နှင်စနစ်အသစ်ကိုလည်း နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပြီး Reno 3 ဟာ ColorOS 7 တစ်ပါတည်းပါလာမယ့် ပထမဆုံးဖုန်းဖြစ်တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

Oppo နဲ့ Qualcomm တို့ဟာ ဒီဇင်ဘာလအတွင်း Dual-mode 5G စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားမယ်လို့ ပြောဆိုထားတာကြောင့် Reno 3 ဟာ ဒီအချက်အလက်တွေနဲ့လည်း တိုက်ဆိုင်နေတာပါ။ ယနေ့မှာ Oppo Reno 3 5G ဖုန်းရဲ့ Screenshot တစ်ခုလို့ဆိုတဲ့ ပုံတစ်ပုံကို မြင်တွေ့ခဲ့ရပြီး သူ့မှာဖော်ပြထားတဲ့အတိုင်းဆိုရင် Reno 3 5G ဟာ Reno2 စီးရီးလို Pop-up Selfie ကင်မရာနဲ့မဟုတ်ဘဲ Punch-hole ကိုအသုံးပြုလာမှာပါ။

အထက်မှာမြင်ရတဲ့ ပုံထဲမှာတော့ Oppo Reno 3 5G ဖုန်းရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ နေ့စွဲရဲ့ဘေးနားက လွတ်နေတဲ့ နေရာလေးကို တွေ့ရမှာပါ။ Punch-hole ကင်မရာတွေကို ဖုန်းရဲ့အပေါ်ဘက်ထောင့်ဆုံးတစ်နေရာမှာသာ ထည့်သွင်းလေ့ရှိကြတာကြောင့် ဒါဟာ Selfie ကင်မရာအတွက် ချန်ထားတဲ့ Cut လို့ ယူဆရပါတယ်။

ဒီ Screenshot ထဲမှာပဲ Reno 3 မှာပါဝင်မယ့် SIM Slot နှစ်ခုစလုံးဟာ 5G SIM တွေကို လက်ခံနိုင်စွမ်းရှိတယ်လို့ ဖော်ပြထားပါတယ်။ Oppo ဟာ အခြားအမှတ်တံဆိပ်တွေလို Punch-hole Display နဲ့ ဖုန်းတွေကို မထုတ်လုပ်ဖူးတာကြောင့် တကယ်သာဆိုရင်တော့ Reno 3 ဟာ Punch-hole ပါဝင်လာမယ့် ပထမဆုံး Oppo ဖုန်းဖြစ်လာမှာပါ။

Ref – Gizmo China