OPPO ဟာ Reno 4 စီးရီးကို လာမယ့် ဇွန်လ ၅ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် Reno 4 နဲ့ 4 Pro တွေရဲ့ ဒီဇိုင်းတွေကိုလည်း Weibo မှာ တရားဝင်ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေကတော့ Tipster တွေနဲ့ TENAA တို့ကတစ်ဆင့် သိရတာပါ။

OPPO ရဲ့ Reno 4 Pro ကို (Jingdong) JD.co မှာ ကြိုတင်မှာယူမှု ပြုလုပ်နိုင်ပြီဖြစ်ပေမယ့် ဝက်ဘ်ဆိုက်မှာလည်း ဟန်းဆက်ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းကိုတော့ ဖော်ပြထားခြင်း မရှိတာတွေ့ရပါတယ်။ ဒါကြောင့် Reno 4 Pro ရဲ့အကြောင်းဟာ ပေါက်ကြားသတင်းတွေက ဖော်ပြထားသလောက်ပဲ သိရသေးတာ ဖြစ်ပါတယ်။

Reno 4 Pro ဟာ Qualcomm Snapdragon 765G chipset ကိုအသုံးပြုထားပြီး Dual-mode 5G ဆက်သွယ်မှုကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ 8GB+128 GB နဲ့ 12GB + 256GB အမျိုးအစား နှစ်မျိုးရှိမှာဖြစ်ပြီး 6.5-inch FHD+ (2400 x 1080 pixels) AMOLED မျက်နှာပြင်အမျိုးအစား ဖြစ်ပါတယ်။

ကျောဘက်မှာတော့ OIS နဲ့ 48MP အဓိကကင်မရာအပါအဝင် 12MP + 13MP ကင်မရာသုံးလုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Selfie ကင်မရာကတော့ ဘယ်ဘက်ပေါ်ထောင့်မှာ Punch-hole နဲ့အတူ 32MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

Android 10 အခြေခံ ColorOS 7.1 မောင်းနှင်ထားပြီး 4,500mAh ဘက်ထရီကို တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ အားသွင်းစနစ်ကတော့ 65W အမြန်အားသွင်းစနစ်လို့ သိရပါတယ်။

Ref: Gizmochina