[Zawgyi]

OPPO က သူတို႔ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းသစ္ Reno ဟာ Sporton International Inc., ရဲ႕ 5G CE စမ္းသပ္မႈကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီလို႔ ၿပီးခဲ့တဲ့ မတ္လ ၂၀ ရက္ေန႔တုန္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါေၾကာင့္ CTC ရဲ႕ 5G CE အသိအမွတ္ျပဳမႈကို ရရွိသြားၿပီ ျဖစ္ပါတယ္။

5G CE အသိအမွတ္ျပဳမႈ ရရွိသြားျခင္းက ဒီဖုန္းဟာ ဥေရာပရဲ႕ 5G ကြန္ရက္ေတြမွာ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ၿပီဆိုတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ OPPO Reno 5G version ဟာ n78 band အသုံးျပဳႏိုင္တာေသခ်ာၿပီး (100MHz bandwidth) အေတာ္မ်ားမ်ားနဲ႔လည္း အလုပ္ျဖစ္တာေၾကာင့္ ဥေရာပတစ္လႊား အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

OPPO ဟာ ဒီ 5G စမတ္ဖုန္းကို ၂၀၁၉ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္မွာပဲ ျဖန႔္ခ်ိဖို႔ ျပင္ဆင္ေနတာပါ။ ဥေရာပ Carriers ေတြဟာ သူတို႔ရဲ႕ 5G ကြန္ရက္ေတြကို ျဖန႔္က်က္ဖို႔ လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ Orange, Telecom Italia, British Telecom နဲ႔ Deutsche Telecom ေတြဟာ n78 band ကို အသုံးျပဳမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ OPPO ဟာ မိတ္ဖက္ Carrier အခ်ိဳ႕နဲ႔အတူ 5G ထုတ္ကုန္ေတြကို စီးပြားျဖစ္အသုံးျပဳႏိုင္ဖို႔လည္း “5G Landing Project” ကိုစတင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ ဥေရာပမွာ 5G ကြန္ရက္ေတြ ျဖန႔္က်က္ၿပီးခ်ိန္မွာ OPPO ရဲ႕ 5G စမတ္ဖုန္းကလည္း ေဈးကြက္အတြက္ အဆင္သင့္ေစာင့္ႀကိဳေနႏိုင္မွာ ျဖစ္ပါတယ္။ OPPO ရဲ႕ 4G version Reno ကလည္း Bluetooth SIG အသိအမွတ္ျပဳမႈကို ရရွိၿပီးသြားၿပီလို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

ဥရောပကွန်ရက်တွေရဲ့ 5G Certified ရရှိခဲ့တဲ့ OPPO Reno 5G

OPPO က သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းသစ် Reno ဟာ Sporton International Inc., ရဲ့ 5G CE စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့် CTC ရဲ့ 5G CE အသိအမှတ်ပြုမှုကို ရရှိသွားပြီ ဖြစ်ပါတယ်။

5G CE အသိအမှတ်ပြုမှု ရရှိသွားခြင်းက ဒီဖုန်းဟာ ဥရောပရဲ့ 5G ကွန်ရက်တွေမှာ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် OPPO Reno 5G version ဟာ n78 band အသုံးပြုနိုင်တာသေချာပြီး (100MHz bandwidth) အတော်များများနဲ့လည်း အလုပ်ဖြစ်တာကြောင့် ဥရောပတစ်လွှား အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

OPPO ဟာ ဒီ 5G စမတ်ဖုန်းကို ၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာပဲ ဖြန့်ချိဖို့ ပြင်ဆင်နေတာပါ။ ဥရောပ Carriers တွေဟာ သူတို့ရဲ့ 5G ကွန်ရက်တွေကို ဖြန့်ကျက်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် Orange, Telecom Italia, British Telecom နဲ့ Deutsche Telecom တွေဟာ n78 band ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဒါ့အပြင် OPPO ဟာ မိတ်ဖက် Carrier အချို့နဲ့အတူ 5G ထုတ်ကုန်တွေကို စီးပွားဖြစ်အသုံးပြုနိုင်ဖို့လည်း “5G Landing Project” ကိုစတင်ခဲ့ပါသေးတယ်။ ဒါကြောင့် ဥရောပမှာ 5G ကွန်ရက်တွေ ဖြန့်ကျက်ပြီးချိန်မှာ OPPO ရဲ့ 5G စမတ်ဖုန်းကလည်း ဈေးကွက်အတွက် အဆင်သင့်စောင့်ကြိုနေနိုင်မှာ ဖြစ်ပါတယ်။ OPPO ရဲ့ 4G version Reno ကလည်း Bluetooth SIG အသိအမှတ်ပြုမှုကို ရရှိပြီးသွားပြီလို့ သိရပါတယ်။

Ref: GSMArena