OPPO Reno 8 Lite 5G ကို စပိန်မှာ ကြေညာလိုက်ပြီး ပြီးခဲ့တဲ့ လက မိတ်ဆက်ခဲ့တဲ့ Reno 8 Series ရဲ့ စတုတ္ထမြောက် မော်ဒယ် ဖြစ်ပါတယ်။ Reno 8 Lite 5G ဟာ အိန္ဒိယက OPPO F21 Pro 5G ကို နာမည်ပြောင်းထားတာပါ။

OPPO Reno 8 Lite 5G

OPPO Reno 8 Lite 5G မှာ ၆.၄၃ လက်မ AMOLED FHD+ မျက်နှာပြင်ပါလာပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် ဘယ်ဘက်မှာ Punch Hole တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

OPPO Reno 8 Lite 5G Spill Reveals its Nitty gritty Determ...

အနောက်ဘက်မှာ 64MP Main , 2MP Depth , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်ရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Snapdragon 695 Processor မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ပါပါတယ်။ 5GB အထိ RAM တိုးမြှင့်ပေးတဲ့ နည်းပညာ ထည့်သွင်းထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။

OPPO Reno 8 Lite 5G မှာ Android 12 အခြေပြု ColorOS 12 မောင်းနှင်ထားပြီး ယူရို ၄၂၉ သတ်မှတ်ထားကာ မြန်မာငွေ ၈၅၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ Cosmic Black နဲ့ Rainbow Spectrum ၂ ရောင်ထုတ်လုပ်ထားပြီး ဒီလထဲ စပိန်မှာ ရောင်းမှာပါ။

Ref : gizmochina