OPPO က အရင်နှစ်တုန်းက Reno 8 5G နဲ့ Reno 8 Pro 5G ကို ရောင်းချခဲ့ပြီး အခုတော့ အာရှနိုင်ငံတွေမှာ Reno 8T Series ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ 8T Series ရဲ့ ဝက်ဘ်စာမျက်နှာကို OPPO အင်ဒိုနီးရှား ဝက်ဘ်ဆိုက်မှာ လွှင့်တင်ထားပြီး OPPO အင်ဒိုနီးရှား အွန်လိုင်းစတိုး၊ Shopee Mall အပါအဝင် အင်ဒိုနီးရှားက အွန်လိုင်း စတိုးများစွာကနေ ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။ OPPO အင်ဒိုနီးရှား ဝက်ဘ်ဆိုက်မှာ Reno 8T 4G နဲ့ Reno 8T 5G တို့ကို ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အင်ဒိုနီးရှားမှာ ကြေညာမယ့် နေ့ရက်ကို မဖော်ပြထားဘဲ Reno 8T 4G နဲ့ Reno 8T 5G ရဲ့ တရားဝင် ဓါတ်ပုံတွေကို ပြသထားပါတယ်။ 4G Version မှာ 8GB RAM နဲ့ 128GB Storage ၊ 5G Version မှာ 8GB RAM နဲ့ 128GB/ 256GB Storage ထည့်သွင်းထားမှာပါ။

4G Version အတွက် Midnight Black နဲ့ Sunset Orange ၊ 5G Version အတွက် Sunrise Gold နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Reno 8T Series ကို အင်ဒိုနီးရှားမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ စတင် ရောင်းချမယ်လို့ ဖော်ပြထားတဲ့အတွက် လာမယ့် ရက်ပိုင်းအတွင်း ကြေညာနိုင်ပါတယ်။

ပေါက်ကြားသတင်းတွေအရ OPPO Reno 8T 5G ဟာ OPPO A1 Pro 5G ကို အမည်ပြောင်းထားတာလို့ သိရပါတယ်။ Reno 8T 4G မှာ ၆.၄၃ လက်မ AMOLED FHD+ မျက်နှာပြင်ကွေး၊ Helio G99 ၊ 100MP Main ကင်မရာနဲ့ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina