[Zawgyi]

OPPO ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ Reno Ace မွာ 65W Fast Charging ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ ကုမၸဏီက မိနစ္ ၃၀ အတြင္းမွာ အဲဒီ စမတ္ဖုန္းကို အားအျပည့္သြင္းႏုိင္တယ္လို႔ ၀ီဘိုမွာ ေၾကညာလိုက္ပါတယ္။ VOOC 3.0 ပါတဲ့ Device ကိုေတာ့ အဲဒီ အခ်ိန္အတြင္းမွာ ၃၉ ရာခုိင္ႏႈန္းပဲ အားသြင္းေပးႏိုင္ပါတယ္။

ဒါေပမယ့္ စမ္းသပ္မႈမွာ Reno Ace ကို ၁၀ ရာခုိင္ႏႈန္းကေန အားစသြင္းတာျဖစ္ၿပီး အျခား စမတ္ဖုန္းက ဒီထက္ ရာခုိင္ႏႈန္း နည္းပါတယ္။ စမတ္ဖုန္း ၂ လံုးစလံုးကို Lock Screen ဖြင့္ၿပီး အားသြင္းတာ ျဖစ္ၿပီး Always-on Feature သံုးထားရင္ေတာ့ ရလဒ္က ကြဲျပားႏိုင္ပါတယ္။

OPPO Reno 2 Series ေတြကို ေၾကညာထားတာ သိပ္မၾကာေသးပါဘူး။ အဲဒီစမတ္ဖုန္းေတြကို မၾကာခင္ကပဲ တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါၿပီ။ OPPO ရဲ႕ ဒုတိယ ဥကၠဌ Shen Yiren က 90Hz Display ပါတဲ့ OPPO Reno Ace ကို လာမယ့္လမွာ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ မၾကာခင္ကလည္း OPPO ဟာ 90Hz Refresh Rate Display နဲ႔ Fast Charging ပါတဲ့ စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာမယ္ဆိုတဲ့ သတင္းေတြ ထြက္ခဲ့ပါတယ္။ Reno Ace Smartphone ရဲ႕ သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ တရုတ္မွာ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ေၾကညာမွာျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

မိနစ် ၃၀ အတွင်းမှာ အားအပြည့်သွင်းနိုင်မယ့် OPPO Reno Ace

OPPO နောက်ထုတ်မယ့် စွမ်းရည်မြင့် Reno Ace မှာ 65W Fast Charging ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ ကုမ္ပဏီက မိနစ် ၃၀ အတွင်းမှာ အဲဒီ စမတ်ဖုန်းကို အားအပြည့်သွင်းနိုင်တယ်လို့ ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ VOOC 3.0 ပါတဲ့ Device ကိုတော့ အဲဒီ အချိန်အတွင်းမှာ ၃၉ ရာခိုင်နှုန်းပဲ အားသွင်းပေးနိုင်ပါတယ်။

ဒါပေမယ့် စမ်းသပ်မှုမှာ Reno Ace ကို ၁၀ ရာခိုင်နှုန်းကနေ အားစသွင်းတာဖြစ်ပြီး အခြား စမတ်ဖုန်းက ဒီထက် ရာခိုင်နှုန်း နည်းပါတယ်။ စမတ်ဖုန်း ၂ လုံးစလုံးကို Lock Screen ဖွင့်ပြီး အားသွင်းတာ ဖြစ်ပြီး Always-on Feature သုံးထားရင်တော့ ရလဒ်က ကွဲပြားနိုင်ပါတယ်။

OPPO Reno 2 Series တွေကို ကြေညာထားတာ သိပ်မကြာသေးပါဘူး။ အဲဒီစမတ်ဖုန်းတွေကို မကြာခင်ကပဲ တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ OPPO ရဲ့ ဒုတိယ ဥက္ကဌ Shen Yiren က 90Hz Display ပါတဲ့ OPPO Reno Ace ကို လာမယ့်လမှာ ကြေညာမယ်လို့ ပြောထားပါတယ်။ မကြာခင်ကလည်း OPPO ဟာ 90Hz Refresh Rate Display နဲ့ Fast Charging ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ Reno Ace Smartphone ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ တရုတ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

Ref : gsmarena