OPPO ဟာ မကြာခင်မှာ Reno10 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် OPPO ကနေ Reno Series ဖုန်း ၃ မျိုးကို မိတ်ဆက်နေကြဖြစ်တာကြောင့် Reno10 Series မှာလည်း Reno10 ၊ Reno10 Pro နဲ့ Reno10 Pro+ ဖုန်းတွေပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။

အခုလည်း OPPO Reno10 Pro ဖုန်းရဲ့ Render ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြီး ဖုန်းဒီဇိုင်းက ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုာကို တွေ့ရရှိလာခဲ့ပါတယ်။ ထူးခြားချက်တစ်ခုက ယခု Reno10 Series ဖုန်းတွေဟာ ယခင် Reno Series ဖုန်းတွေနဲ့ နှိုင်းယှဥ်ရင် ဒီဇိုင်းပိုင်းပြောင်းလဲထားမှာဖြစ်ပါတယ်။

OPPO Reno10 Pro ဖုန်းဟာ 6.7″ Flat Display ပါဝင်မှာဖြစ်ပြီး Selfie Camera ကို Punch-hole Design ပြုလုပ်ထားပါတယ်။ အရွယ်အစားအနေနဲ့ 163.2 x 74.2 x 7.9mm ရှိမယ်လို့ သိရပါတယ်။

အောက်ခြေမှာ Speaker Grille နဲ့ USB-C Port ပါဝင်မယ်လို့ သိရပြီး ဖုန်းရဲ့ ညာဘက်ခြမ်းမှာ Power နဲ့ Volume Key တွေကို ထည့်ပေးထားမှာဖြစ်ပါတယ်။ နောက်ဖက် Camera Setup က Triple Camera Setup ကို အသုံးပြုထားပြီး Camera Layout ကိုလည်း ပြောင်းလဲထားတာကိုတွေ့ရပါတယ်။

အစောပိုင်းထွက်ရှိထားတဲ့သတင်းတွေအရ Reno10 Pro ဖုန်းဟာ MediaTek Dimensity 8200 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ တခြားသတင်းတွေကို အတိအကျမသိရသေးတာကြောင့် တရားဝင်မိတ်ဆက်မယ့်အချိန်အထိ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena