4G ဆက်သွယ်မှုပါတဲ့ OPPO Reno3 Pro ကို မတ်လ အစောပိုင်းက တစ်ကမ္ဘာလုံးအတွက် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ 5G Version ကို တရုတ်မှာပဲ ရောင်းပေးထားပါတယ်။ အခုတော့ 5G Version ကို အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် တစ်ကမ္ဘာလုံးအတွက် ကြေညာနိုင်ပါတယ်။

4G နဲ့ 5G Version တွေမှာ ကွာခြားချက်များစွာ ရှိပါတယ်။ 5G Version မှာ အနည်းငယ် ပိုကြီးတဲ့ ၆.၅ လက်မ AMOLED မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက မြန်ပါတယ်။ Chipset က ကွဲပြားပြီး Snapdragon 765G သုံးထားပါတယ်။ ပင်မကင်မရာမှာ OIS ပါလာပေမယ့် ပိုသေးတဲ့ 48MP Sensor ပါလာပါတယ်။ စတီရီယို စပီကာ ထည့်ထားပေမယ့် နားကြပ်ပေါက် ဖြုတ်ထားပါတယ်။

Geekbench မှာ 12GB RAM Version ကို ဖော်ပြထားပြီး 5G Version အတွက်ပဲ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။  ရိုးရိုး Version မှာ အများဆုံး အနေနဲ့ 8GB ပဲပါပါတယ်။ 5G Version မှာ 5G Modem အသစ်ကို သုံးထားပါတယ်။ OPPO က Reno3 Pro 5G ကို နိုင်ငံတကာဈေးကွက်အတွက် ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။ OPPO Find X2 Neo နာမည်နဲ့ မိတ်ဆက်မယ်လို့လည်း သတင်းထွက်နေပါတယ်။

Ref : gsmarena