OPPO ကနေ အခုအချိန်မှာ မြန်မာနိုင်ငံစျေးကွက်ထဲကို နောက်ဆုံးထွက် Reno4 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။ OPPO Reno4 ဖုန်းဟာ ယခင်တုန်းကထွက်ရှိထားတဲ့ OPPO စမတ်ဖုန်းတွေထက် Camera ပိုင်းကို အဓိကအာရုံစိုက်ထားပြီး ယခင်တုန်းက ပါဝင်ခြင်းမရှိခဲ့တဲ့ Camera Feature အသစ်တွေကိုပါ ထည့်သွင်းလာခဲ့ပါတယ်။

အဲ့ဒီအတွက် ယခု Article မှာတော့ OPPO Reno4 မှာ ပါဝင်တဲ့ Camera Feature တွေအကြောင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ Reno4 စမတ်ဖုန်းဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာ Portrait ဓါတ်ပုံတွေအတွက် တော်တော်လေးကို သဘောကျဖို့ကောင်းတဲ့ Feature တွေပါဝင်လာတယ်ဆိုရင်လည်း မမှားပါဘူး။

Portrait Mode ဟာ စမတ်ဖုန်းတွေမှာ ရှိနေခဲ့တာကြာပြီဖြစ်သလို ရိုက်ကူးမှုအများဆုံး Camera Mode တစ်ခုလည်းဖြစ်ပါတယ်။ ယခင်တုန်းက Portrait Mode ဟာ အသုံးပြုထားတဲ့ Sensor ပေါ်အဓိကမှီခိုရတယ်ဆိုပေမယ့် အခုအချိန်မှာတော့ Software ပိုင်းတိုးတက်လာနဲ့အတူ နှစ်သက်ရာ Effect တွေနဲ့ Lighting တွေကို ချိန်ညှိလို့ရနေပါပြီ။

အဲ့ဒီထဲမှာမှ OPPO Reno4 မှာပဲ စတင်ပါဝင်လာတဲ့ Portrait Feature တစ်ခုဖြစ်တဲ့ AI Color Portrait က ကိုယ်ရိုက်ကူးလိုက်တဲ့ Subject ကိုပဲ အရောင်နဲ့ ရိုက်ကူးပေးမှာဖြစ်ပြီး ကျန်တဲ့ Background ကို လုံးဝ Black and White ပုံစံပြောင်းလိုက်မှာပါ။ အဲ့ဒီအတွက် နောက်ခံပတ်ဝန်းကျင်နဲ့ အဓိက Subject ကို လုံးဝခွဲခြားလိုက်သလို ဖြစ်သွားတဲ့အပြင် Portrait ရိုက်ဖို့ နောက်ခံ Background က ရှုပ်ရှပ်ခတ်နေတယ်ဆိုရင်တောင်မှ လှပတဲ့ ဓါတ်ပုံတစ်ပုံအဖြစ် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး AI Color Portrait ဟာ အလှဓါတ်ပုံကို လမ်းမပေါ်မှာ ရိုက်ကူးတာမျိုး၊ နောက်ခံ ရှုပ်နေတဲ့ အခန်းထဲတွေမှာ ရိုက်ကူးတာမျိုးပဲဖြစ်ဖြစ် နေရာမျိုးစုံမှာ အသုံးချနိုင်သလို တကယ်လို့ Color Pop ထားရိုက်မယ့် Subject က ဝတ်ဆင်ထားတဲ့အရောင်တွေ လှပပြီး တောက်ပနေတယ်ဆိုရင် ပိုပြီးထင်ရှားနေတဲ့ Portrait ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ဒီ Feature ဟာ ကိုယ့်ရဲ့ Creation ပေါ်မှုတည်ပြီး တခြားသောဖုန်းကင်မရာတွေက ရိုက်ကူးနိုင်တဲ့ Portrait ပုံတွေကနေ သိသိသာသာကို ကွဲထွက်စေမှာဖြစ်ပါတယ်။

နောက်ထပ် OPPO Reno4 ရဲ့ Portrait Feature တစ်ခုကတော့ Night Flare Portrait ပဲဖြစ်ပါတယ်။ ဒါက လူအများစုကြုံတွေ့နေရတဲ့ ညဘက်ကို Portrait ပုံရိုက်ကူးမယ်ဆိုရင် ကြုံတွေ့ရတဲ့ Noise တွေထပြီး နောက်ဖက်က Background Bokeh မလှပတဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းထားတာလို့တောင် ပြောနိုင်ပါတယ်။ ဒီလိုမျိုး ညဘက်မှာ ဓါတ်ပုံ Quality ကို ထိခိုက်စေခြင်းမရှိဘဲ Portrait ရိုက်ကူးဖို့အတွက် Low Light HDR နည်းပညာကို အသုံးပြုထားပြီး Dynamic Range ပိုင်းမှာ ကောင်းမွန်နေစေမှာဖြစ်ပါတယ်။

အဲ့ဒီထက် Night Flare Portrait Feature မှာထူးခြားချက်တစ်ခုကတေ့ာ တကယ်လို့ နောက်ခံ Background မှာ မီးလုံးတွေလိုမျိုး အလင်းရောင်ရှိနေတယ်ဆိုရင် Professional DSLR Camera တစ်ခုနဲ့ ရိုက်ထားသလိုမျိုး Bokeh Effect ကို ပေးနိုင်မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မီးရောင်ကို နောက်ခံထားရိုက်တာပဲဖြစ်ဖြစ်၊ Restaurant နဲ့ Bar တွေမှာပဲဖြစ်ဖြစ်၊ ကားလမ်းမကို နောက်ခံထားရိုက်တာမျိုးပဲဖြစ်ဖြစ် Night Flare Portrait က နောက်ဖက်က မီးရောင်တွေကို ပိုပြီးလှပတဲ့ Bokeh တွေအဖြစ် ပြောင်းလဲပေးသွားမှာပါ။

ယခုအချက်တွေကတော့ OPPO ကနေ Reno4 စမတ်ဖုန်းမှာ အသစ်ထည့်သွင်းပေးထားတဲ့ Portrait Feature တွေဖြစ်ပြီးတော့ ပုံမှန်ပါဝင်နေကြ Portrait Effect တွေပါ ပေါင်းလိုက်မယ်ဆိုရင် Portrait ပုံတွေရိုက်ကူးဖို့အတွက် တကယ်ကို အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်သွားမှာပါ။ ဒါပေမယ့် Portrait ပိုင်းတွေတင်မဟုတ်ဘဲ Reno4 ဖုန်းရဲ့ Camera ပိုင်းအားသာချက်တွေရှိနေပါသေးတယ်။

ဒါကတော့ Video ပိုင်းပဲဖြစ်ပြီး အစောပိုင်းတုန်းက AI Color Portrait Feature လိုမျိုးပဲ Video မှာလည်း Red ၊ Green ၊ Blue အရောင်တစ်ရောင်ကိုပဲ ခွဲထွက်နေပြီး ကျန်တဲ့အရောင်တွေကို Black and White အနေနဲ့ ရိုက်ကူးနိုင်မယ့် Monochrome Video Feature လည်းပါဝင်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အခုလိုမျိုးရိုက်ကူးဖို့အတွက် Third-party Video Editor တွေကို အားကိုးခဲ့ရပေမယ့် Reno4 ဖုန်းကတေ့ာ Default Camera App ကနေ ရိုက်ကူးနိုင်တာက အားသာချက်တစ်ခုဖြစ်နေမှာပါ။

ဒီလိုမျိုး ရိုက်ကူးတဲ့အချိန်မှာလည်း လက်မငြိမ်လို့ လှုပ်နေမှာလည်းစိုးရိမ်ဖို့မလိုသေးပါဘူး။ ဘာကြောင့်လဲဆိုရင် OPPO ကနေ Ultra Steady Video 3.0 Feature ကိုပါ ထည့်သွင်းထားတဲ့အတွက် ပုံမှန်လမ်းလျှောက်ရင်း ရိုက်ကူးမယ်ဆိုရင် Gimbal တစ်ခုကို အသုံးပြုထားသလိုမျိုး တည်ငြိမ်တဲ့ Video Footage ကိုပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းနဲ့ Video Clip တွေရိုက်ကူးမယ်ဆိုရင် OPPO Reno4 က အလန်းစား Video တွေ ဖန်တီးနိုင်စေမှာပါ။

နောက်ထပ် Video Feature တစ်ခုကလည်း Reno4 မှာ အသစ်ပါဝင်လာပြီးတော့ ဒါကတော့ 960fps Smart Slow-motion Video ပဲဖြစ်ပါတယ်။ ဒါက Video ပိုင်းမှာ ပုံမှန်လှုပ်ရှားမှုတွေကို တမျိုးကွဲထွက်နေပြီး မတူညီတဲ့အမြင်တစ်ခုအနေနဲ့ မြင်တွေ့ရမှာဖြစ်တဲ့အတွက် TikTok Video လိုမျိုး ရိုက်ကူးမယ်ဆိုရင် ပိုပြီးတောင် တခြားဖုန်းတွေထက် အားသာနေမှာဖြစ်ပါတယ်။

အခုပြောသွားတဲ့အချက်တွေကတော့ OPPO Reno4 စမတ်ဖုန်းအသစ်မှာပါဝင်တဲ့ Camera ပိုင်း အလန်းစား Feature တွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး Feature တွေကို အသုံးပြုပြီး ဓါတ်ပုံ Portrait ပိုင်းအပြင် Video ပိုင်းမှာပါ အကောင်းစားရလဒ်တွေကို ဖန်တီးနိုင်မှာကတော့ အသေအချာပဲဖြစ်ပါတယ်။ OPPO Reno4 ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ 499,900MMK နဲ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ Pre-order မှာယူနိုင်မှာ ဖြစ်ပြီး ဆိုင်မှာ ကိုယ်တိုင်စမ်းကြည့်ပြီး ဝယ်ယူချင်သူတွေ အတွက်ကတော့ နီးစပ်ရာ စမတ်ဖုန်းအရောင်းဆိုင်တွေမှာ ဩဂုတ်လ ၃၀ ရက်နေ့က စပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်။