OPPO Reno4 Pro ရဲ့  နိုင်ငံကတာ မော်ဒယ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရောင်းပေးခဲ့ပြီး အခုတော့ ဒုတိယ Software Update ကို ရသွားပါပြီ။ ပထမ Update (CPH2109_11_A.13) ဇူလိုင်လ ၃၁ ရက်နေ့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ဖြန့်ချိပေးခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ Android Security Patch ပါလာပါတယ်။ အခုတော့ ဒုတိယ Update ကို OPPO က ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ Security Patch အထိ ထည့်သွင်းပေးလိုက်ပါတယ်။

ဒါ့အပြင် Update Build Number CPH2109_11_A.15 မှာ ကင်မရာ Effects တွေနဲ့ System Stability ပို ကောင်းလာပြီး အင်တာနက်လိုင်းနဲ့ ဖုန်းပြောတဲ့အခါမှာ စွမ်းဆောင်ရည် ပိုကောင်းလာပါတယ်။ Firmware အသစ်ကို လက်ရှိမှာ အိန္ဒိယမှာပဲ ဖြန့်ချိပေးထားတာ ဖြစ်ပြီး လက်ရှိမှာ နိုင်ငံတကာ မော်ဒယ်ကို အဲဒီမှာပဲ ရောင်းပေးထားတာပါ။

နိုင်ငံတကာ မော်ဒယ်မှာ Snapdragon 720G SoC မောင်းနှင်ထားပြီး ၆.၅ လက်မ FullHD+ 90Hz Curved AMOLED မျက်နှာပြင် ပါပါတယ်။ Android 10 အခြေပြု ColorOS 7.1 ပါလာပြီး အရှေ့ဘက်မှာ 32MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။ 65W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီရဲ့ အားသွင်းနှုန်းက လန်ထွက်နေမှာပါ။

Ref  : gsmarena