OPPO က Reno Series စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပြီး အခုလည်း Reno4 စမတ်ဖုန်း အသစ်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ စမတ်ဖုန်းရဲ့ Specs နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Reno4 အတွက် အနည်းဆုံး အရောင် ၂ ခု ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပါတယ်။ ကင်မရာမှာ Ultra Steady Feature ပါလာမှာ ဖြစ်ပြီး ကင်မရာတွေရဲ့ ညာဘက်ဘေးမှာ OPPO Logo ကို ရေးထွင်းထားမှာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ Reno4 မှာ 5G ဆက်သွယ်မှုနဲ့ 65W Fast Charging ပါလာမှာ ဖြစ်ပါတယ်။ Super Night Scene Video Feature ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် ညဘက် ဗီဒီယို ရိုက်ကူးရင် အရည်အသွေး မြင့်မားမှာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဓါတ်ပုံမှာ Reno4 ရဲ့ အရှေ့ဘက်  မပါလာတဲ့အတွက် ဆဲလ်ဖီး ကင်မရာ အတွက် Waterdrop Notch သုံးထားမလား ၊ Punch Hole သုံးထားမလား ဆိုတာ မသိရသေးပါဘူး။ OPPO က Reno4 ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena