အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေဟာ Performance ပိုင်း၊ Camera ပိုင်းနဲ့ Fast Charging ပိုင်းတွေမှာတင် တိုးတက်နေတာမဟုတ်ဘဲ Display ပိုင်းမှာလည်း တိုးတက်နေတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိူး Display နည်းပညာပိုင်း တိုးတက်လာတဲ့ ဖုန်းတွေထဲမှာမှ မြန်မာနိုင်ငံစျေးကွက်ထဲကို မကြာသေးခင်တုန်းက စတင်မိတ်ဆက်ထားခဲ့တဲ့ OPPO Reno4 Pro ရဲ့ Display ကလည်း သူ့စျေးတန်းမှာ ယှဥ်နိုင်ဖို့ခက်တဲ့ Feature တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ OPPO Reno4 Pro ကို လက်ရှိအချိန်မှာ မြန်မာငွေ ၆၉၉,၉၀၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပြီး Shop.com.mm ကနေ Delivery ခ ပေးစရာမလိုပဲ ဝယ်ယူနိုင်ပါတယ်။

အရင်ဆုံး Display ရဲ့ Quality အကြောင်းကိုပြောမယ်ဆိုရင် ကြည့်ရတာ Immersive ဖြစ်မဖြစ်၊ Color Accuracy ကောင်း၊ မကောင်း နဲ့ Brightness အကြောင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ OPPO Reno4 Pro ဟာ Curved Super AMOLED Display ကို အသုံးပြုထားပြီး Punch-hole Selfie Camera ကို ထည့်သွင်းထားတဲ့အတွက် Screen-to-Body Ratio အနေနဲ့ 92% အထိကို ရှိနေမှာဖြစ်ပါတယ်။ ဒါက ရုပ်ရှင်တွေ၊ YouTube Video တွေကြည့်တဲ့အချိန်ပဲဖြစ်ဖြစ်၊ Game ဆော့နေတဲ့အချိန်ပဲဖြစ်ဖြစ် မြင်ရတဲ့မြင်ကွင်းက ဘေးဘောင်တွေမရှိသလိုမျိုး Immersive ဖြစ်နေမှာ အသေအချာပါပဲ။

OPPO Reno4 Pro ဟာ အရည်အသွေးမြင့် 6.5” Full HD+ Samsung Super AMOLED Display ကို သုံးစွဲထားတာဖြစ်ပြီး Color Accuracy ပိုင်းအတွက်လည်း 100% DCI-P3 Color Gamut ကို Support ပေးနိုင်ပါတယ်။ ဒါက Vivid Mode မှာဖြစ်ပြီး တကယ်လို့ Color တွေကို Soft ဖြစ်တာကိုမှ ကြိုက်တဲ့သူတွေအတွက်လည်း Soft Mode ကို ထည့်သွင်းထားပါသေးတယ်။ HDR Playback ကို Support လုပ်တဲ့အပြင် အမြင့်ဆုံး Brightness ကလည်း 1100nits အထိကို ရရှိစေမှာဖြစ်ပါတယ်။ ဒါကလည်း လက်ရှိ စမတ်ဖုန်း Display တွေထဲမှာ အကောင်းဆုံးဆိုတဲ့ Quality တွေထဲက တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

OPPO Reno4 Pro ဖုန်းမှာ အခုလိုမျိုး အရည်အသွေးကောင်းမွန်တဲ့ Display အပြင် Screen Refresh Rate ကိုလည်း 90Hz အထိ Support လုပ်နိုင်ပါသေးတယ်။ ဒီလိုမျိုး 90Hz Refresh Rate ကို ရရှိတာက ပုံမှန် 60Hz Display တွေထက် ဖုန်းကိုအသုံးပြုတဲ့အချိန်၊ Scrolling ပြုလုပ်တဲ့အချိန်တွေမှာ ပိုပြီး Smooth ဖြစ်လာမှာပါ။ ဒါက OPPO Reno4 Pro ကို သူ့စျေးဝန်းကျင်မှာ Curved Super AMOLED Display ပါဝင်ပြီး 90Hz High Refresh Rate ကိုပါ Support ပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော စမတ်ဖုန်းဖြစ်လာစေတာပါ။

ဒီနေရာမှာ 90Hz Refresh Rate က Gaming ပိုင်းတွေမှာပဲ သိသာနိုင်မယ်ဆိုပြီး ထင်နေတယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ 90Hz လိုမျိုး High Refresh Rate ကို လက်ရှိအသုံးများတဲ့ App တွေဖြစ်တဲ့ Facebook ၊ Instagram ၊ Google Chrome ၊ Twitter လိုမျိုး App အကုန်လုံးနီးပါး Support ပြုလုပ်နေပြီဖြစ်တဲ့အတွက် ဖုန်းရဲ့ Home Screen ကိုပဲ ပွတ်ပွတ်၊ Social Media လောက်ပဲသုံးသုံး Newsfeed ပွတ်ရတာကိုက တခြား 60Hz Refresh Rate ပဲ ပါဝင်တဲ့ဖုန်းတွေထက် Smooth ဖြစ်နေတာက လုံးဝကို သိသာစေမှာဖြစ်ပါတယ်။ ဒါကိုမှ OPPO Reno4 Pro ရဲ့ အရည်အသွေးကောင်းမွန်တဲ့ Curved Super AMOLED Display ကလည်း ပိုပြီး Immersive ဖြစ်နေစေဦးမှာပါ။

OPPO Reno4 Pro ရဲ့ Display ပိုင်းအားသာချက်တွေထဲက တစ်ခုဖြစ်တဲ့ အကြမ်းခံမှုမှာလည်း Corning Gorilla Glass 5 ကို အသုံးပြုထားတဲ့အတွက် ပုံမှန်အစင်းရာလောက်ကို ထင်ကျန်စေမှာမဟုတ်ပါဘူး။ Gaming ပိုင်းမှာ Screen Refresh Rate လိုမျိုး အရေးကြီးတဲ့ Touch Sampling Rate ကိုလည်း ပုံမှန်အသုံးပြုရင် 120Hz ကနေ Game ဆော့လိုက်တာနဲ့ ပိုပြီး Responsive ဖြစ်စေမယ့် 180Hz Touch Sampling Rate ကို မြှင့်တင်ပေးလိုက်တာကလည်း အားသာချက်ဖြစ်နေဦးမှာပါ။ ဒီ 180Hz Touch Sampling Rate နဲ့ 90Hz Refresh Rate ပေါင်းစပ်မှုက eSport Game တွေဖြစ်တဲ့ PUBG Mobile နဲ့ Mobile Legends လိုမျိုး Game ဆော့တဲ့သူတွေအတွက်ကတော့ စိတ်ကြိုက်ဖြစ်စေမှာ အမှန်ပါပဲ။

ဒါကတော့ OPPO Reno4 Pro ရဲ့ Display ပိုင်းမှာ ပါဝင်တဲ့ Feature တွေဖြစ်ပြီး Display အနေနဲ့ကတော့ လုံးဝကို Flagship စမတ်ဖုန်းတစ်လုံးရဲ့ အရည်အသွေးရှိနေတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ OPPO Reno4 Pro မှာ ဒီလိုမျိုး Display ပိုင်းတင်မဟုတ်ဘဲ 0-100% ကို ၃၆ မိနစ်အတွင်း အားပြန်လည်သွင်းပေးနိုင်တဲ့ 65W SuperVOOC 2.0 Fast Charging စနစ်၊ AI Color Portrait ၊ Night Flare Portrait နဲ့ 960fps Smart Slow-Motion တွေ ရိုက်ကူးနိုင်တဲ့ 48MP Quad Camera Setup လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ OPPO Reno4 Pro ကို မြန်မာငွေ ၆၉၉,၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် COVID-19 ကာလအတွင်း အိမ်အပြင်မထွက်ချင်သူတွေအတွက် Reno4 Pro အပါအဝင် OPPO ထုတ်ကုန်တွေကို Shop.com.mm ကနေ Delivery ခ ပေးစရာမလိုပဲ ဝယ်ယူနိုင်ပြီလို့လည်း သိရပါတယ်။