OPPO ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ Reno5 5G နဲ့ Reno5 Pro 5G တို့ကို မိတ်ဆက်ခဲ့ပြီး၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ Reno5 Pro+ ကို ကြေညာခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ Reno5 4G ကို မိတ်ဆက်လိုက်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်ထဲရောက်လာချိန်မှာတော့ တရုတ်အခြေစိုက်ကုမ္ပဏီဟာ Reno5 5G နဲ့ Reno5 Pro 5G တို့ကို နိုင်ငံတကာဈေးကွက်ဆီဖြန့်ချိဖို့ အလုပ်များနေပြန်ပါပြီ။ ဒီ Device နှစ်ခုဟာ အခုအချိန်မှာ နိုင်ငံတကာမော်ဒယ်နံပါတ်တွေနဲ့အတူ Certification အတော်များများလည်း ရရှိနေတာကို တွေ့မြင်ရပါတယ်။

Reno5 5G ကို PEGM00/PEGT00 နဲ့ Reno5 Pro 5G ကို PDSM00/PDST00 စတာတွေနဲ့ တရုတ်နိုင်ငံတွင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ရဲ့ National Broadcasting and Telecommunications Commission (NBTC) က ထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်းတွေမှာတော့ Reno5 5G ကို မော်ဒယ်နံပါတ် CPH2145 နဲ့ Reno5 Pro 5G ကို CPH2201 တွေအဖြစ် တွေ့မြင်ရပါတယ်။

ဒီမော်ဒယ်နံပါတ်တွေကို အခြား အသိအမှတ်ပြုပလက်ဖောင်းတွေဖြစ်တဲ့ Bluetooth SIG, ထိုင်ဝမ်ရဲ့ National Communications Commission (NCC), အင်ဒိုနီးရှား SDPPI နဲ့ Global Certification Forum (GCF) စတာတွေမှာလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ NCC, စင်ကာပူရဲ့ Infocomm Media Development Authority (IMDA) နဲ့ အိန္ဒိယရဲ့ Bureau of Indian Standard (BIS) စတာတွေမှာလည်း တွေ့မြင်ရတာ ဖြစ်ပါတယ်။

ဒီ Certification platform တွေပေါ်မှာတွေ့မြင်ရတာက မကြာခင်မှာပဲ နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Reno5 Pro 5G (CPH2201) ကို Geekbench မှာပါ တွေ့မြင်လာရပါတယ်။ Benchmark listing အရဆိုရင်တော့ နှစ်မျိုးစလုံးဟာ တရုတ်ပြည်တွင်းမော်ဒယ်တွေလိုပဲ MediaTek Dimensity 1000+ chipset နဲ့ 8GB of RAM တွေကို တွဲထားမယ်လို့ ဆိုရပါလိမ့်မယ်။

OPPO အနေနဲ့ Reno5 5G နဲ့ Reno5 Pro 5G တို့ကို အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတာမဟုတ်တဲ့အတွက် နိုင်ငံတကာဗားရှင်းမှာလည်း တရုတ်ပြည်တွင်းဗားရှင်းနဲ့ တူညီတဲ့ Hardware ပိုင်းဆိုင်ရာကိုပဲ မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

ပြန်ကြည့်မယ်ဆိုရင်တော့ Reno5 5G ရဲ့ မျက်နှာပြင်ပိုင်းဟာ 6.43-inch, 1080p+, 90Hz, OLED panel, Chipset ပိုင်းကတော့ Snapdragon 765G ဖြစ်ပါတယ်။ ကျောဘက်ကင်မရာအဖြစ် 64MP အဓိကကင်မရာ, 8MP ultrawide နဲ့ 2MP camera modules နှစ်ခု ပါရှိပါတယ်။ အရှေ့ဘက်မှာတော့ 32MP selfie ကိုတွေ့မြင်ရမှာပါ။ 4,300 mAh battery နဲ့အတူ 65W charging ကိုထောက်ပံ့ထားပြီး a 3.5mm audio jack လည်း ပါဝင်ပါတယ်။ Memory configurations တွေအဖြစ် 8/128GB နဲ့ 12/256GB တို့ကို ရရှိနိုင်ပါတယ်။

The Reno5 Pro 5G ကတော့ ပိုကြီးတဲ့ 6.55-inch မျက်နှာပြင်, 90Hz, 1080p+, နဲ့ OLED panel တို့ဖြစ်ပါတယ်။ MediaTek Dimensity 1000+ chipset ကိုအသုံးပြုထားပြီး Wi-Fi 6 ထောက်ပံ့ပေးပါတယ်။ Configurations ကတော့ 8/128GB နဲ့ 12/256GB တို့ပဲ ဖြစ်ပါတယ်။

Ref: GSM Arena